" စာမကျက်ဘဲ စာမေးပွဲအောင်သွားရင် ကောင်းမယ် "တနင်္လာနေ့၏ ပထမဆုံးအချိန်မစတင်ခင် ဘုရားရှိခိုးပြီး ဆရာမမလာခင် အားလပ်နေချိန်တွင် ရန်ပိုင်က သင်္ချာစာအုပ်ကို ယူထုတ်ရင်း ညည်းလေသည်။
" ဟုတ်ပ၊ စာတွေကလည်း ကျက်ပြီးတာနဲ့ ဘယ်ရောက်သွားသလဲတောင် မသိတော့ဘူး။ ငါ မနေ့ညကပဲ ယုန်ရဲ့ အစာချေလမ်းကြောင်းအကြောင်းကို ကျက်ခဲ့တာ။ အခုမနက်ကျတော့ ဘာမှန်းတောင် မသိတော့ဘူး၊ တကယ်ရူးသာ ရူးလိုက်ချင်တော့တာပါပဲ " မြတ်သျှင်မောင်ကလည်း ပါဝင်ကူညီအားဖြည့်ကာ ညည်းလေသည်။
" မင်း သရဲခေါ်မွေးတဲ့ အကြောင်းကို ကြားဖူးလား ? "
" ကြားဖူးတယ်။ ရုပ်ရှင်တွေထဲမှာတောင် ပါသေးတယ်လေ။ အောက်လမ်းနည်းနဲ့ ထိန်းချုပ်ပြီး သရဲခေါ်မွေးပြီးတော့ သူတို့ လိုချင်တာ ခိုင်းကြတာလေ ။ ဘာဖြစ်လို့လဲ ? "
" မြတ်သျှင်မောင် မင်းနဲ့ ငါ တစ်ယောက် တစ်ကောင်စီ မွေးကြမလား ? အဲသရဲကို ငါတို့အစား စာကျက်ခိုင်းပြီး စာမေးပွဲဖြေရင် ဝင်ပူးပြီး ဖြေခိုင်းလိုက်ရင် ငါတို့လည်း စာကျက်စရာမလိုတော့ဘူးလေ ၊ မမိုက်ဘူးလား ? "
မင်းခန့်က အခုလေးတင်ဘုရားရှိခိုးပြီး သရဲမွေးချင်နေတဲ့ မြတ်သျှင်မောင်နဲ့ ရန်ပိုင်ကို တစ်ယောက်တစ်ချက်စီ တီးပေးလိုက်သည်။
" ပေါက်ကရတွေ ပြောနေတာ ရပ်ပြီးတော့ စာအုပ်ကို ထုတ်တော့၊ မင်းတို့ အဲလို ပေါက်ပန်းလေးဆယ်လျှောက်ပြောနေတဲ့ အချိန် စာအုပ်ဖွင့်ပြီးတော့ ကျက်လိုက်ရင်တောင် ခုနက စာကို ရနေလောက်ပြီ "
ထိုအခါမှ မြတ်သျှင်မောင်နဲ့ ရန်ပိုင်က တဟဲဟဲလုပ်နေပြီးတော့ သူတို့က စာအုပ်ထုတ်ကာ စာကြည့်လေသည်။
" မင်းလည်း တစ်နေ့တခြား ဥဒေါင်းညိုနဲ့ တူတူလာပြီ " မြတ်သျှင်မောင်က မင်းခန့်ကို ပြောလေသည်။ ဥဒေါင်းညိုက သူ့ကိုဆို အမြဲတမ်း ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ ပိတ်ပင်နေတာ အဘိုးကြီးလိုပင် ဖြစ်လေသည်။ အရင်က သူတို့နဲ့ ပေါဖော်ပေါဖက် မင်းခန့်က အခုတော့ သူတို့ကို ပဲ့ပြင်ဆုံးမကာနေလေတော့ မြတ်သျှင်မောင်က ပြောလေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction