အပိုင်း(၃၅) ကျွန်တော့်ကောင်လေးက ခဏခဏစိတ်ကောက်တတ်တယ်

293 34 2
                                    

" အန်တီနန်းရေ ကျွန်တော့်ကို ရှမ်းခေါက်ဆွဲကို ၂ ပွဲပေးပါခင်ဗျ၊ "

ရှမ်းခေါက်ဆွဲဆိုင်ပိုင်ရှင် ရှမ်းလူမျိုးသားအမိနဲ့ ဥဒေါင်းညိုက အသိတွေဖြစ်တာကြောင့် ဥဒေါင်းညိုက နှုတ်ဆက်ရင်း မြတ်သျှင်မောင်အတွက် တစ်ပါတည်းမှာပေးလိုက်သည်။ ဆိုင်ရှင်အဒေါ်ကြီးက ရှမ်းခေါက်ဆွဲကို ထည့်ပေးရင်း ပြန်မေးလေသည်။

'' ဘာအသားနဲ့ စားမလဲ ကောင်လေး "

" အောက်ပြည်သားနဲ့ တစ်ပွဲပေးပါ " ဟု နောက်တောက်တောက်နဲ့ ပြောတော့ မြတ်သျှင်မောင်က ဥဒေါင်းညိုဗိုက်ကို လိမ်ဆွဲလေသည်။

" မင်း နည်းနည်းပါးပါးအရှက်လေး ရှိပါဦးလား ? " မျက်စောင်းလေး ဝင့်ကာ ပြောလေသည်။ ဥဒေါင်းညိုက လျှာလစ်တစ်လစ်ထုတ်ပြကာ သူက မြတ်သျှင်မောင်ကို စနေလေသည်။

" အန်တီနန်း ကျွန်တော်တို့ ကြက်သားနဲ့ပဲ ပေးပါဗျ " ဟု ပြောကာ မြတ်သျှင်မောင်နဲ့လည်း မိတ်ဆက်ပေးလေသည်။

" အန်တီနန်း ဒါ ကျွန်တော်မေမေခေါ်နေကြ သားငယ်ဆိုတာလေ၊ မေမေ့ရဲ့ မွေးစားသားလေး မြတ်သျှင်မောင်ဆိုတာပေါ့ "

ဥဒေါင်းညိုနဲ့ ဆိုင်ရှင်အဒေါ်ကြီး စကားပြောနေတော့ မြတ်သျှင်မောင်က ခေါင်းလေးတညိမ့်ညိမ့်လုပ်ကာ နားထောင်နေရလေသည်။

" ဟုတ်လားကွဲ့ ၊ မကြည်ပြောနေကြအတိုင်း ချစ်စရာလေးပါ၊ သားတို့က အတန်းတူတူပဲလား "

" ဟုတ်တယ်ဗျ၊ သူလည်း တန်းခွဲအေကပဲ ၊ ပြီးတော့ ညကျောင်းလည်း တူတူတက်တာဆိုတော့ အဖော်ရနေတာပေါ့ဗျာ " ဥဒေါင်းညိုက ဆိုင်ရှင်အဒေါ်ကြီးနဲ့ စကားပြောနေရင်း မြတ်သျှင်မောင်အတွက် ရေနွေးကြမ်း သုံးခွက်လောက်ကို အအေးခံပေးထားလေသည်။

" ကောင်းတာပေါ့ကွယ် မကြည်တစ်ယောက်လည်း အခုရက် ဈေးလာတာ မမြင်မိဘူး ၊ နေရောကောင်းရဲ့လား "

အဒေါ်ကြီးက မေးမြန်းရင်း ရှမ်းခေါက်ဆွဲ ၂ ပွဲကို ချပေးတော့ ဥဒေါင်းညိုက တစ်ပွဲကို အရင်နယ်ပေးကာ မြတ်သျှင်မောင်ရှေ့က မနယ်ရသေးသော ပန်းကန်နဲ့ လဲလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Dove le storie prendono vita. Scoprilo ora