အပိုင်း(၁၃)ငါ တစ်ယောက်ထဲ သောကရောက်နေခဲ့ရတာ...။

383 43 2
                                    

Unicode

" ဥဒေါင်းညို ၊ မင်းဘာဖြစ်နေတာလဲ ? " ခုံကို ဆောင့်တွန်းခံလိုက်ရတဲ့ ကျောင်းသားက ပြောလေသည်။

ဥဒေါင်းညိုက ထိုကျောင်းသား၏ ကော်လံကို ဆွဲလိုက်ပြီးတော့ " မင်း ခုနက ဘာသောက်စကားပြောတာလဲ ပြန်ပြောလိုက်စမ်း "

အတန်းထဲက ကျောင်းသားတွေက အတန်းခေါင်းဆောင်၏ မမြင်စဖူးဒေါသထွက်နေတဲ့ပုံစံကြောင့် သူတို့က အတန်းထဲ ငြိမ်ကုပ်နေကြသည်။

" မနက်တုန်းက မြတ်သျှင်မောင်နဲ့ မိုးပွင့်ဖြူတို့ ပြသနာဖြစ်ကြတဲ့အကြောင်းကို ပြောနေတာလေကွာ၊ မင်းက ဘာကိစ္စနဲ့ ဒေါသထထွက်ရတာလဲ "

" ငါ့ကို အဲအကြောင်းကို ပြောပြစမ်း ! "

"ဟိတ်ကောင် တော်လိုက်တော့၊မင်းကိုယ်မင်းအတန်းခေါင်းဆောင်ဆိုတာကိုသတိရသေးရဲ့လားဟမ် "ဉာဏ်လင်းအောင်က ဥဒေါင်းညိုက နောက်ပြန်ချုပ်ကာ အတန်းထဲကနေ ဆွဲထုတ်သွားလိုက်သည်။

" ဒီနေ့ အတန်းခေါင်းဆောင်က နည်းနည်းလေး ပင်ပန်းနေလို့ ပြသနာဖြစ်သွားတာ၊ အဲတာကို လိုက်ဖွကြရင် မင်းတို့တစ်တန်းလုံး နောက်အပတ် ကစားချိန်မရဘူးမှတ် " အတန်းထဲက မျိုးဇင်က ဒေါသကြီးနေတဲ့ ဥဒေါင်းညိုနောက်ကို မလိုက်ခင် အတန်းကို ထိုသို့ပြောပြီးတော့ ထွက်သွားသည်။

.....

" တောက်! လူပါးဝကြလို့ " အကြောင်းအရာအဖြစ်အပျက်တွေကို နားထောင်ပြီးနောက် ဥဒေါင်းညိုက စိတ်တိုဒေါသဖြစ်စွာ တောက်ခေါက်လိုက်သည်။ သူသာ ရှိနေလျှင် သူ့ရဲ့ ဂေါ်ဖီထုပ်လေးကို ဘယ်သူကမှ စော်ကားရဲမည် မဟုတ်ပေ။ အဲတာကြောင့် မြတ်သျှင်မောင်က မနက်ထဲက မျက်နှာညှိုးနေတာကိုး ။

" မင်းက အဲတာကို ဘာလို့ ဒေါသထွက်နေတာလဲ ? ဘာလို့လဲ တကယ်ဆို မင်းနည်းနည်းပါးပါးဆူတာနဲ့ ကိစ္စက ပြီးနေတာက အခုကကိစ္စငယ်တာကို ထပ်ကြီးအောင် လုပ်နေတယ် "

တင်း တင်း

ကျောင်းဆင်းခေါင်းလောင်းက ထိုးလေသည်။

ဟောပြောပွဲပြီးကတည်းက တချို့ကျောင်းသားတွေက အတန်းထဲပြန်ကာ စာလုပ်နေကြသလို တချို့ကလည်း ဘောလုံးကန်နေကြသည်။ နောက်တစ်ဖြတ်တက်မယ့်ကျောင်းသားတွေ မရောက်ခင် ဥဒေါင်းညိုက အတန်းထဲကို ခပ်မြန်မြန်ပြန်လာခဲ့သည်။ ကျောင်းသားတချို့က သူ့ကိုကွက်ကြည့်ကွက်ကြည့်လုပ်နေကြပေမဲ့ သူက အတန်းထဲက အမှိုက်ပုံး သွန်ပြီးမပြီးစစ်ဆေးကာ အတန်းတွင်းပစ္စည်းများကို သိမ်းဆည်းလိုက်သည်။ ပြီးနောက် သူက သူ၏ထိုင်ခုံကို ပြန်လာတော့ သူ့ဘေးခုံက မြတ်သျှင်မောင်က မရှိတော့ချေ၊ အရှေ့တန်းက ကျောပိုးအိတ်သိမ်းနေတဲ့ မင်းခန့်က " မြတ်သျှင်မောင် ပြန်သွားပြီ၊ ရန်ပိုင်က ကခေါင်းကိုက်နေတယ်လို့ ဆရာမက အစောကြီးပြန်လွှတ်လိုက်တာ ၊ ရန်ပိုင်နဲ့ သူ အတူပြန်သွားပြီ "

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now