တခြားကျောင်းသားတွေက ဥဒေါင်းညို၏ စကားကို နားလည်ဖို့ အချိန်ယူနေချိန်မှာ မြတ်သျှင်မောင်က ဥဒေါင်းညိုကို အခန်းထဲကို ဆွဲသွင်းလိုက်သည်။ ပြီးနောက် တံခါးကိုပိတ်ပစ်လိုက်သည်။"မင်း ခေါင်းချောင်သွားတာလား ? " မြတ်သျှင်မောင်က ဆူပူလိုက်သည်။ သူ့မျက်နှာက တကယ့်ကို စိတ်ဆိုးနေတဲ့ပုံရလေသည်။
"မင်း ဘာဖြစ်နေတယ်ဆိုတာ ငါ့ကို အစကတည်းက ပြောပြသင့်တာလေ။ အခုမှ ငါ့ကို အပြစ်လာတင်မနေနဲ့ " ဥဒေါင်းညိုက လက်ပိုက်ကာ တစ်ဖက်ကို လှည့်ကာ ပြောလေသည်။
" ငါ့ကြောင့်လို့ မင်းပြောနေတာလား ? မင်းကိုယ်တိုင် တခြားကျောင်းသားတွေကို ကြွားဝါပြီးတော့လေ "
ဥဒေါင်းညိုက မြတ်သျှင်မောင်နားကို တိုးကပ်လိုက်ပြီးတော့ သူ၏ ကြွက်သားအနည်းငယ်ရှိသော လက်မောင်းဖြင့် မြတ်သျှင်မောင်ပခုံးကို ကျော်ကာ ထောက်ထားလိုက်သည်။ ရေချိုးခန်းတွေက တစ်ယောက်ခန်းတွေသာ များတာကြောင့် ဆယ်ကျော်သက်ကောင်လေး ၂ ယောက်အတွက်က နေရာအကြားအလပ်နည်းပါးလေသည်။ နောက်ဆုတ်တိုးလို့မရတော့တဲ့ အခြေအနေတွင် မြတ်သျှင်မောင်က ခေါင်းငုံ့ထားပြီးတော့ မတုန့်ပြန်နိုင်တော့ပေ။
သူ ချက်ချင်းကို အရပ်ရှည်တဲ့ သူတွေကို မုန်းတီးလာသည်။ သူတို့၏လက်တွေကို နည်းနည်းလေး လှုပ်ရှားလိုက်တာနဲ့ကို သူ့လို လူပုလေးကို ဖမ်းချုပ်ထားနိုင်သည်။
" အဲတာဆို မင်းငါ့ကို တိတ်တဆိတ်အသုံးချနေတာကို အရင်ရပ်သင့်တယ်လို့ မထင်ဘူးလား ? " ဥဒေါင်းညိုက ပြောတော့ မြတ်သျှင်မောင်က နားမလည်စွာ ပြန်ကြည့်လိုက်သည်။
မြတ်သျှင်မောင် ထင်လိုက်တာ ဥဒေါင်းညိုကသူ့အတွက် မှတ်စုတွေ ပေးနေတာကို အသုံးချနေသည်ဟု ထင်နေသည်ဖြစ်မည်ဟု မှတ်ချက်ချမိလိုက်သည်။ စာတော်တဲ့သူတွေက တကယ်ကို စိတ်သဘောထားကျဉ်းမြောင်းတာပဲ ။ဥဒေါင်းညိုကိုယ်တိုင်က လိုလိုလားလားနဲ့ ပေးတယ်လို့ သူထင်နေခဲ့တာလေ။ မြတ်သျှင်မောင်က ဟင်း ဆိုပြီး သက်ပြင်းချလိုက်သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction