အပိုင်း(၂၉) အရင်ကလို မဟုတ်တော့တဲ့ အထီးကျန်သီတင်းကျွတ်ညလေး ဖြစ်နေပြီ

272 25 0
                                    

   ကြာငါးမည်ကြိုင်သင်းလို့၊ လျှံဝင်းတဲ့ပြောင်ထိန်။ ရွှေနန်းတောင်တော်ဦးမှာလ၊ ကွန့်မြူးမြင့်မိုမီးညီးတဲ့ခါချိန်ဖြစ်တဲ့ သီတင်းကျွတ်အခါသမ၌ လမ်းများ၊ အိမ်များ၊ အဆောက်အအုံများတွင် အရောင်အသွေး စုံသော လျှပ်စစ်မီးသီးလေးများကို ကြိုးများတွင် ချည်နှောင် အလှဆင်ထားကြ၍ မီးရောင်စုံ တောက်ပလျက် ရှိနေလေသည်။တချို့အိမ်များ၌ကား ချည်ထည်အဝတ်စတို့ကို နှမ်းဆီ အပြည့်ဖြည့်ထားသော မြေအိုးများတွင် နစ်ဝင်အောင် နှစ်ထား ပြီး မီးထွန်းညှိ ပူဇော်ထားသည်ကိုလည်း တွေ့ရလေသည်။ ညနေခင်းအခါကတည်းက လမ်းများ၌ အယုတ်အလတ်အမြတ်မရွေးပေးနေကြသော နိဗ္ဗာန်ဈေးများကိုလည်း တွေ့ရလေသည်။

ယနေ့က သီတင်းကျွတ်လပြည့်ညဖြစ်တာကြောင့် လမ်းတိုင်းက မနက်ဖြန်လပြည့်ညအတွက် စိတ်လှုပ်ရှားနေကြလေသည်။

" ဟေ့ကောင် မြန်မြန်လုပ်ကွ နောက်ကျတော့မယ် " ရန်ပိုင်နှင့် မြတ်သျှင်မောင်က အိမ်ရှေ့ကနေ လှမ်းခေါ်သောအခါတွင် မင်းခန့်က သုတ်သီးသုတ်ပြာနဲ့ အိမ်ထဲကနေ ထွက်လာသည်။ ကြည့်ရတာ အဝတ်လျှော်နေပုံရသည်။ ပုဆိုးအောက်နားစတွေက ရေစိုလို့။

မင်းခန့်က အမေ၊အဘွား၊ တို့နဲ့ တူတူနေတာဖြစ်ပြီးတော့ မင်းခန့်မှာ ညီလေး မင်းသန့်တစ်ယောက်သာ ရှိလေသည်။ သူတို့မင်းခန့်အဖေက ဆုံးပါးသွားတာလား အိမ်ထောင်ကွဲနေကြတာလားတော့ မသိပေ။ မြတ်သျှင်မောင်တို့ကလည်း မမေးကြတာမသိပေ။မင်းခန့်အမေကတော့ ရုံးစာရေးမတစ်ဦးသာဖြစ်တာကြောင့် သူတို့မိသားစုက ကြပ်ကြပ်တည်းတည်းဖြစ်ရလေသည်။

မင်းခန့်အမေရဲ့ အစ်ကို လင်မယားက မင်းခန့်တို့အိမ်မှာပဲ ပေါင်းနေကြပြီး အိမ်အောက်ထပ်မှာ ထမင်းဆိုင်ဖွင့်ထားလေသည်။ မင်းခန့်က ထိုဆိုင်မှာ ဝင်ကူနေရပြီး သူ့ဦးကြီးက သူ့ကိုကျောင်းထားပေးထားခြင်းဖြစ်သည်။ အိမ်မှာဆို အိမ်ထောင်ဦးစီးက မင်းခန့်ဦးလေးပဲ ဖြစ်လေသည်။ထို့အပြင် မင်းခန့်ဦးကြီးတို့က သားသမီးမထွန်းကားတာကြောင့် မင်းခန့်တို့သာ ပြောစရာ တူသားတွေဖြစ်လေသည်။ ယခင်က ပြေပြေလည်လည်ဖြစ်ကြသော်လည်း ယခုနောက်ပိုင်း မင်းခန့်အဘွားက အသက်ကြီးရောဂါကြောင့် ဆေးရုံဆေးစရိတ်ထောင်းတာကြောင့် မင်းခန့်ကို ညကျောင်းပင် ခဏနားထားရသည်။ သီတင်းကျွတ်ပြီးရင်တော့ မင်းခန့်ဦးကြီးက မင်းခန့်ကို ညကျောင်းပြန်တက်ခိုင်းမည်သိရသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Donde viven las historias. Descúbrelo ahora