အပိုင်း(၈)ဘတ်စ်ကားခကို မုန့်ဝယ်စားလိုက်ပြီ၊ လမ်းလျှောက်ပြန်ရမယ်

396 46 5
                                    

Unicode

《ဘတ်စ်ကားခကို မုန့်ဝယ်စားလိုက်ပြီလမ်းလျှောက်ပြန်ရမယ် 》

ယနေ့က A ခန်းက ကျောင်းသားများ၏ သန့်ရှင်းရေးလုပ်ရသော နေ့ဖြစ်သည်။ အတန်းခေါင်းဆောင် ဥဒေါင်းညိုက သူကိုယ်တိုင် အမှိုက်တွေကို သိမ်းနေပြီး တခြားသူတွေကိုလည်း စီမံပေးနေသေးသည်။

" မိန်းကလေးတွေ မြန်မြန်လေး တံမြက်စည်းလှည်းပြီးရင် လက်ဆေး ၊ ပြီးရင် အခန်းထဲ ပြန်လို့ရပြီ "

" ဟိုကောင်တွေ အမှိုက်တွေကို အမှိုက်ကျင်းဆီ သွားပစ်ပြီးရင် မိန်းကလေးတွေဆီက တံမြက်စည်းတွေ သိမ်းပေးဦး "

" ဟေ့ ဟိုနားက သုံးယောက် ၊ မင်းခန့်တို့ မင်းတို့ သုံးယောက်ကို ပြောနေတာ မိုးမရွာခင် မြန်မြန်လုပ် " ဥဒေါင်းညိုက အမှိုက်မကောက်ဘဲ တွတ်ထိုးနေတဲ့ သူတို့သုံးယောက်ကို လှမ်းငေါက်လေသည်။

" သားကြီး အေးဆေးပေါ့ ၊ အမှိုက်ကောက်ရင်း အချိန်ကုန်သွားရင် ပထမအချိန် မသင်ရတော့ဘူးလေ ဟီး ဟီး " မင်းခန့်က ပြောလသည်။

"ဟုတ်တယ် ဟုတ်တယ် အချိန်ဆွဲပြီး လုပ်၊ အမှိုက်ကို တစ်စီ သိမ်းကွ " မြတ်သျှင်မောင်ကပါ အကြံတူအလိုပါ ဆိုလာသည်။

"အချောင်ခိုဖို ကြံနေတာလား ပြောစမ်းပါဦး၊ ငါ ကျောင်းအကဲဖြတ်မှတ်တမ်းမှာ အမှတ်လျှော့ပေးရမှာလား " အမှိုက်ပုံးလာပေးသော ဥဒေါင်းညိုက မြတ်သျှင်မောင် စကားကို ကြားလိုက်တာကြောင့် အနားကပ်ကာ ပြောလေသည်။

သို့ပေမဲ့ မြတ်သျှင်မောင်က သိပ်ဂရုမစိုက်ပါဘူး။ အသံဆူနေတာကြောင့်လည်း ဖြစ်လိမ့်မည်။ မနက်စောစောဆိုတော့ ကျောင်းလာကြတဲ့ကျောင်းသားတွေ၊ ကားသံတွေက ဆူညံနေတဲ့အပြင်ကို တခြားသော အတန်းထဲက ကျောင်းသားတွေက ဂိမ်းအကြောင်း၊ မိန်းကလေးတွေက ကိုရီးယားရုပ်သံဇာတ်လမ်းတွဲအကြောင်း၊ အတင်းတုတ်နေကြသည့်အပြင် အတန်းထဲက စနောက်တတ်သော ကျောင်းသားတစ်ချို့က တံမြက်စည်းကို မြင်းလုပ်စီးနေတာကြောင့် ဥဒေါင်းညိုက အလွန်အကျွံမဖြစ်စေဖို့ ထိန်းထားရင်း အတန်းကိုလည်း ပျော်အောင် ထားပေးရသေးသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Nơi câu chuyện tồn tại. Hãy khám phá bây giờ