(ယူနီကုဒ်)
ဆိုင်ကိုရောက်သောအခါတွင် ဥဒေါင်းညိုက ကောင်တာကို သွားပြီးနောက် သူက ထမင်းနှင့် တွဲဖက်စားရသည်တို့ကို မှာနေလေသည်။
ဆိုင်ကလေးက ရိုးရိုးကလေး ၊ နာမည်လေးကလည်း ရိုးသည်။ နွေအရိပ်တဲ့ ။ ကျယ်ကျယ်ဝန်းဝန်း ခြံဝင်းထဲတွင် တစ်ဖက်က သတင်းစာဟောင်းတွေကို ဝယ်ယူရောင်းဝယ်သည့် ဆိုင်ခန်းတစ်ခုရှိပြီးတော့ တစ်ဖက်ကတော့ ထမင်းဆိုင်ကလေး တည်ထားသည်။ ဘုရားကျောင်းအနားတွင်ရှိတာကြောင့် တိတ်ဆိတ်ငြိမ်သက်ပြီးတော့ အေးချမ်းသည့်ပတ်ဝန်းကျင်တွင်ရှိလေသည်။ ဘုရားကျောင်းကို လာတဲ့သူတွေနှင့် အနည်းငယ်တော့ စည်ကားသယောင်ရလေသည်။ဘုရားကျောင်းအနားတွင်ရှိတာကြောင့် တိတ်ဆိတ်ငြိမ်သက်ပြီးတော့ အေးချမ်းသည့်ပတ်ဝန်းကျင်တွင်ရှိလေသည်။ ဘုရားကျောင်းကို လာတဲ့သူတွေကြောင့်လည်း ဖြစ်ပေမည်။ ခြံဝင်းထဲမှာ ဗာဒံပင်ကြီးကြီး တစ်ပင်ရှိသည်။ အရိပ်ကောင်းကောင်းနဲ့ အေးသပါဘိ။ သစ်သားခုံပုတွေကို သစ်ပင်ရိပ်အောက်မှာ ခင်းကျင်းထားတာကြောင့် အေးဆေးစားနိုင်သည့်အပြင်ကို ဆိုင်ကလည်း သပ်ရပ်ကာ အရသာထူးလှသည်။
ဆိုင်ကိုရောက်သောအခါတွင် ဥဒေါင်းညိုက ကောင်တာကို သွားပြီးနောက် သူက ထမင်းနှင့် တွဲဖက်စားရသည်တို့ကို မှာနေလေသည်။
" မြတ်သျှင်မောင် မင်း ဘာစားမှာလဲ ? " ရန်ပိုင်က မေးသောအခါတွင် ကောင်တာကနေ ပြန်လာသော ဥဒေါင်းညိုက ပြောလေသည်။
"ငါ မှာခဲ့ပြီးပြီ ၊ မင်းတို့နှစ်ယောက်က ကိုယ့်ဘာသာသွားမှာလေ ၊ နေ့လယ်စာ မစားကြဘူးလား ? "
" ငါတို့အတွက်ရော မမှာခဲ့ဘူးလား ? " မင်းခန့် မေးသောအခါတွင် ဥဒေါင်းညိုက မျက်ခုံးပင့်ပြီးတော့ " ငါ ဘာလို့မင်းတို့အတွက် မှာပေးရမှာတုန်း ? "
ရန်ပိုင်က မင်းခန့်ကိုလက်တို့ပြီးတော့ " လာစမ်းပါကွာ မင်းတို့ လုပ်နေတာနဲ့ ညကျောင်းကို ရောက်တော့မယ့်ပုံမရတော့ဘူး "
မင်းခန့်နဲ့ ရန်ပိုင်က ကိုယ်စီသွားကာ မှာလိုက်ပြီးတော့ သူတို့က နေ့လယ်စာကို မြန်ရေရှက်ရေသုံးဆောင်ကြတော့သည်။ နေ့လယ်စာက တောဓလေ့အငွေ့အသက်တွေပြည့်နေသော ဟင်းများသာဖြစ်ပြီးတော့ရန်ကုန်လိုနေရာမျိုးတွေမှာ ရှားလှသော အစာအစားများဖြစ်ကြသည်၊ ငါးဇင်းရိုင်းအကောင်သေးသေးများကို ရှောက်ရွက်နှင့် အခြောက်ချက်ထားပြီးတော့ ခရမ်းသီးနှပ်ကလေးကလည်း မြေနံ့သင်းနေလေသည်။ ပုစွန်စုတ်ဖွားများကို လှော်ခြောက်ချက်ထားသော ဟင်းတစ်ခွက်ကို သပြုသီးငါးခေါင်းဟင်းရည်နှင့် တွဲဖက်ချက်ထားသည်က အမှန်တကယ်ကို မြိန်ရေယှက်ရေရှိလှသည် ။ စင်စစ်၌ သူတို့လေးဦးစလုံးသည် ဖွံ့ဖြိုးစခန္ဓာကိုယ်တွေနှင့် လူငယ်ကလေးတွေသာဖြစ်တာကြောင့် ဟင်းလျာများရောက်လာသောအခါတွင် သူတို့က ဒုံရင်းငြင်းခုံနေကြသည်ကိုပင် မေ့လျော့ကာ ခေါင်းမဖော်စတမ်းလွေးကြတော့သည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction