Scroll down for Zawgyi font
《မရယ်ရတဲ့ ဟာသတွေပြောကြမယ် 》
မြတ်သျှင်မောင်တို့တက်နေသည့် ညကျောင်းတွင် အထက်တန်းကျောင်းသားသီးသန့်သာ ရှိသည်။ တန်းခွဲတစ်ခုတွင် ကျောင်းသား(၂၀ ) ပျမ်းမျှတက်ရောက်ကြရခြင်းဖြစ်ပြီး သူတို့က မတူညီသောအချိန်တွင် တက်ကြရည်။ မြင့်မားသော ရမှတ်များရရန်နှင် တက်လိုသော တက္ကသိုလ်ကို တက်ရောက်နိုင်ရန်အတွက် နွေရာသီကပင် အပြင်ညကျောင်းများကို တက်ရပြီးတော့ တရားဝင်ကျောင်းတက်ရချိန်တွင် သူတို့က ကျောင်းစာ၏ တချို့တစ်ဝက်ကို သင်ယူပြီးဖြစ်တာကြောင့် သူတို့က စာပေလေ့လာရာ၌ ပို၍လွယ်ကူလာပြီးတော့ ဝင်ခွင့်ဖြေရာတွင် အခက်အခဲနည်းနည်းသာ ရှိတော့မည်ဖြစ်သည်။ ထိုကဲသို့သင်ကြားခြင်းမျိုးက တရားမဝင်ပေမဲ့ အားနည်းနေသော ပညာရေးစနစ်ကို အပြစ်တင်ဖို့လည်း မစွမ်းသာပါချေ။
ညကျောင်းတွင် ဘော်ဒါနေကြသူများလည်းရှိတာကြောင့် ရေချိုးခန်းနှင့် သန့်စင်ခန်းကို ကျောင်းသားတွေအားလုံးက အသုံးပြုခွင့်ရကြသည်။ နေ့လယ်ပိုင်းထမင်းစားရာနှင် အသုံးပြုနိုင်ရန်အတွက် ထိုင်ခုံသေးသေးလေးတွေလည်း ရှိသည်။ သို့သော်လည်း ကျောင်းသားအများစုက စာသင်ပြီးတာနှင့် အိမ်ပြန်တတ်ကြပြီး မိန်းကလေးတွေကလည်း အတန်းထဲကနေ မထွက်ကြတာကြောင့် ထိုခုံတွေမှာ ထိုင်တဲ့သူက မရှိသလောက်ပင်ဖြစ်လေသည်။
"မင်း မပြီးသေးဘူးလား ? မင်းတစ်ကိုယ်လုံးကို တိုက်ချွတ်ဆေးကြောနေရလို့လား ? အချိန်ကို ကြည့်လိုက်ဦး " မြတ်သျှင်မောင်က ပွစိပွစိပြောရင်း အပြင်မှာစောင့်နေသည်။
" အမျိုးသားကောင်းတွေက ရေချိုးရင် အချိန်ယူရတယ်တဲ့၊ အဲတာမှ မွှေးပျံ့လန်းဆန်းနေမှာလေ ၊ ငါ့ကို ပုဆိုးကမ်းပေးဦး " ဥဒေါင်းညိုက တံခါးကို အနည်းငယ်ဟလိုက်ပြီးတော့ တောင်းလိုက်သည်။
" ရော့ ရော့ ယူ ယူ ငါလည်း မင်းနဲ့ ဝဋ်ကြွေးတွေ သိလား? ခိုင်းဖက်ကြီးကျလို့ " မြတ်သျှင်မောင်က ဆူပုတ်ပုတ်နှင့် လမ်းပြောရင်း ပေးလိုက်သည်။