အပိုင်း(၁၄) ချစ်၍ခေါ်ရာကို မောင်မောင်လိုက်ခဲ့ချင်ပါရဲ့လား ?

416 42 2
                                    

Unicode

" ဟေ့ကောင် မင်း မြန်မြန် မလျှောက်နဲ့လေ " မြတ်သျှင်မောင်က ခြေတံရှည်ကြီးတွေနဲ့ ခပ်မြန်မြန်လျှောက်နေတဲ့ ဥဒေါင်းညိုကို လှမ်းပြောလိုက်သည်။

ထိုအခါမှ ဥဒေါင်းညိုက စပ်ဖြဲဖြဲရယ်ပြပြီးတော့ မြတ်သျှင်မောင်ဘေးကို ပြန်လျှောက်လာသည်။ ပြီးတော့ ဥဒေါင်းညိုက လက်ညိုးကို အကွေးပုံလုပ်ကာ မြတ်သျှင်မောင်ကို စနောက်နေသေးတာကြောင့် မြတ်သျှင်မောင် စိတ်တိုစွာ ပြန်ရိုက်တော့သည်။

ခါတိုင်းညဆိုရင် ဥဒေါင်းညိုက စက်ဘီးယူလာတာကြောင့် မြတ်သျှင်မောင်က ရန်ပိုင်တို့နဲ့အတူ ဘတ်စ်ကားစီးပြန်လေ့ရှိသည်။ သို့သော် ယခုညတွင် မင်းခန့်က သူ့အဖေဝယ်ခိုင်းထားကို သွားဝယ်ဖို့ ရန်ပိုင်နဲ့သွားလိုက်တာကြောင့် မြတ်သျှင်မောင်က ဥဒေါင်းညိုနဲ့အတူ ပြန်လာခဲ့သည် ။

စောနက အိမ်သာကို အဖော်လိုက်ခိုင်းတာကြောင့် ဥဒေါင်းညိုက သူ့ကို စ၍ မပြီးတော့ချေ။ မြတ်သျှင်မောင်ကလည်း တခြားသူတွေကို ခေါ်ရင် အစခံရမှာစိုးလို့ ဥဒေါင်းညိုကို ခေါ်တာကို သူက ဆက်တိုက်ဆက်တိုက်စနေတော့ သူ စိတ်ဆိုးလာကာ ခပ်သွက်သွက်လျှောက်လေသည်။

ညကျောင်းကနေ ဘတ်စ်ကားမှတ်တိုင်အထိ လမ်းလျှောက်ပြန်လာရစဉ် တစ်လျှောက်လုံး ဥဒေါင်းညိုက သူ့ကို အရက်သမားသရဲကြီးအကြောင်းကိုသာ ပြောနေလေသည်။

သရဲကတော့ သူလည်း ကြောက်တာပေါ့လို့။

" မင်း ငါ့ကို ဆက်စနေရင် ငါ မင်းအိမ် လိုက်မအိပ်ပေးတော့ဘူး "

"အိုကေ အိုကေ သိပါပြီခင်ဗျ ၊ ငါ မင်းကို အတည်ပြောပြမှာ၊ မစတော့ဘူး "

"ဘာလဲ ပြော "

ဥဒေါင်းညိုက မြတ်သျှင်မောင်ကို တစ်လမ်းလုံးစလာပြီးတော့ ဘတ်စ်ကားအလာကို မှတ်တိုင်မှာ စောင့်နေကြသည်။ ညမီးတိုင်ဝါကြင့်ကြင့်အောက်တွင် မြတ်သျှင်မောင်၏ပြည့်ဖောင်းနေသော မျက်နှာက လမင်းကြီးလို ဝင်းပ‌ကာ အစခံထားရတာကြောင့် ဆူပုတ်နေသေးသည်။ တူယှဉ်ရပ်နေတဲ့ ဥဒေါင်းညိုက သူ့ထက် အရပ်တစ်ဆစ်လောက် ပိုပုတဲ့ မြတ်သျှင်မောင်ရဲ့ ‌မျက်နှာဝဝလေးကို စောင်းငဲ့ကြည့်ရင်း  ထိုမျက်နှာကလေးကို တစ်ခါမျှ  မွှေးပါရစေလို့ ‌ဆုတောင်းမိတယ်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now