အပိုင်း(၂၃)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲ

353 30 3
                                    


     " ဒီနေ့ကတော့ ကျောင်းသားတွေကို ကာယအချိန်မှာ ဘောလုံးကွင်းထဲ အပြေးပြိုင်ပွဲလုပ်ပေးမှာဖြစ်ပါတယ်။ ပြီးတော့ တစ်ဆက်ထဲ ဒီဇင်ဘာ အားကစားရာသီကိုရောက်တဲ့အခါ ကျောင်းက စီစဉ်တဲ့ စက်ဘီးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ချင်တယ်ဆိုရင် သီတင်းကျွတ်ပြီးတဲ့အခါ ကျောင်းမှာ ကာယဆရာမက မြန်မာနိုင်ငံစက်ဘီးအားကစာအဖွဲ့ချုပ်( MCF) က ထရိန်နင်ဆရာများနဲ့ ချိတ်ဆက်ပြီးတော့ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။ အဲတာကြောင့် စာရင်းပေးကြဖို့လည်း မမေ့ကြနဲ့ဦး ။ အခုကတော့ မီတာ ၁၀၀ လက်ဆင့်ကမ်း အပြေးပြိုင်ပွဲအတွက် တွဲဖက်ကို ရှာထားဦး၊ ပြိုင်ပွဲစတင်ချိန်အထိ တွဲဖက်မရတာမျိုးမဖြစ်စေနဲ့ မြန်မြန်လေး လုပ် ။ မိန်းကလေးပြိုင်ပွဲကို အရင် လုပ်မယ်။ ယောကျာ်းလေးတွေက နောက်မှ ပြိုင်ရမယ် "

" ပြိုင်ပွဲကနေ အနိုင်ရတဲ့ သူတွေကို ဆရာမကနေ လက်ဆောင်တွေ ပေးမှာ ဖြစ်တာကြောင့် သေချာလုပ်ကြရမယ်နော် "

ကာယဆရာမ ဒသမတန်းကျောင်းသားကျောင်းသားများကို ကိုယ်ကာယကြုံခိုင်စေရန် ကျောင်းတွင်းပြိုင်ပွဲများကို မကြာခဏလုပ်ပေးရသည်ကို နှစ်သက်လေသည်။ သူမသည် ဘောလုံးတွင်းထဲတွင် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သွက်လက်စွာ လမ်းညွှန်ပေးနေလေသည်။

" မြတ်သျှင်မောင် မင်း စာရင်းမပေးရသေးဘူးလား ? ငါနဲ့ မင်းခန့်တောင် ပေးပြီးပြီ ၊ ငါက ပထမပိုင်းပြေးမှာ မင်းခန့်က ခြေတံရှည်တော့ ခဏလေးနဲ့ရောက်မှာ မြန်မြန်စာရင်းသွားပေး ၊ မဟုတ်ရင် မင်းကို အမှတ်လျှော့လိမ့်မယ် "

မြတ်သျှင်မောင်က သူ၏ အတန်းဖော်များကို အားကိုးတကြီးဖြင့် လှမ်းကြည့်ပေမဲ့ သူ့လို ပေါင် ၂၀၀ ကျော်ဝတုတ်လေးနဲ့တော့ ဘယ်သူနဲ့မှ အတူပြေးချင်ကြမှာ မဟုတ်ပါဘူး၊ လူတိုင်းက အနိုင်ရတာကို လိုချင်ကြတာချည်းပဲလေ ။ " မြတ်သျှင်မောင်က သူ၏ အတန်းဖော်များကို လှမ်းကြည့်ပြီး‌ေနာက် သူက ရန်ပိုင်ကို ခေါင်းခါပြလိုက်သည်။

" မင်းကလည်းကွာ ငါ လိုက်မေးပေးမယ် ။ ခဏစောင့်ဦး " ရန်ပိုင်က လှစ်ခနဲ ပြေးသွားပြီးနောက် သူက အတန်းဖော်များကို မြတ်သျှင်မောင်နှင့်အတူ ပြေးဖို့ လိုက်မေးလေသည်။ သို့ပေမဲ့လည်း မည်သူကမှ လက်မခံချေ။ ရန်ပိုင်က အားလုံးကို လိုက်မေးပေမဲ့ မရတာကြောင့် သူက မြတ်သျှင်မောင်ထံသို့ ပြန်လာလေသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now