အပိုင်း(၄၄) " ယော..ယောကျာ်း "

394 23 2
                                    

နှစ်သစ်ကူး အဆောင်ပြန်ခွင့် ၂ ရက် ရလေသည်။

မြတ်သျှင်မောင်သည် ကျောပိုးအိတ်ဖြူဖြူလေးကို လွယ်ကာ ကုတင်ပေါ်မှ ခြေတွဲလောင်းချထိုင်ရင်း ခြေချောင်းလေးများက လွှဲကာထိုင်နေသည်။ မနက်စောစောကပင် ဥဒေါင်းညိုကို အိမ်အတူပြန်ဖို့ စောင့်နေခြင်းဖြစ်သည်။

ထူးထူးခြားခြားပင် အေးလာတဲ့ရန်ကုန်ဆောင်းနံနက်ခင်းတွင် မြတ်သျှင်မောင်သည် ယုန်နားရွက်လေးပါသည့် ဟူဒီအဖြူရောင်ကို ဝတ်ထားကာ ခေါင်းစွပ်ထားသည့်အချိန်၌ အလွန်ပြည့်ဖြိုးသော ယုန်တစ်ကောင်နှင့်တူလေသည်။

မြတ်သျှင်မောင်သည် ယင်းကဲ့သို့ နုယွသော အဝတ်အထည်များအား မနှစ်သက်သော်လည်း ဥဒေါင်းညိုကတော့ အလျင်းသင့်တိုင်း လက်ဆောင်ဆိုပြီး ပေးတတ်သည်။ ဤဝတ်စုံကလည်း ခရစ်စမတ်နေ့တုန်းက အသစ်စက်စက်လက်ဆောင်လေးဖြစ်သည့်အပြင် အဆောင်ကို လာစဉ်ကလည်း အနွေးထည်များ ပါမလာတာကြောင့် ဝတ်လိုက်ရသည်။

"အားး အေးလိုက်တာ " ဥဒေါင်းညိုက အခန်းထဲကို ကိုယ်တစ်ပိုင်းပတ်လျက်ဖြင့် ဝင်လာပြီး လက်အေးများဖြင့် မြတ်သျှင်မောင်၏ မျက်နှာအိအိလေးအား ထိလိုက်သည်။

"အေးတယ်လို့ ! " မြတ်သျှင်မောင်က သူ့မျက်နှာကို လာထိသောအခါ စိတ်ဆိုးဆိုးဖြင့် တွန်းဖယ်ပစ်သည်။

ဥဒေါင်းညိုက ရေအေးအေးဖြင့်ရေချိုးလာတာကြောင့် ချမ်းနေလေရာ သူက နွေးထွေးနေသော သူ၏ဂေါ်ဖီထုပ်လေးကို နွေးစေရန်အလို့ငှာ ဖက်လိုက်သည်။

"ရေအေးအေးတွေနဲ့ ဖယ်လို့ဆိုဟာ....." မြတ်သျှင်မောင်က မကျေနပ်ဖြင့် တွန်းဖယ်ပေမဲ့လည်း ဥဒေါင်းညိုက ဖက်ထားသည်ကို မဖယ်ပေးပေ။ ဥဒေါင်းညိုက သူ့ကိုယ်ပေါ်သို့ ပိုလာဝက်ဝံကြီးလို ဖက်တွယ်ထားကာ မျက်လုံးမှိတ်ပြီးတော့တောင် အနားယူလိုက်သေးသည်။ ဥဒေါင်းညိုက သူအနှစ်သက်ဆုံးအပြုအမူဖြစ်သည့် မြတ်သျှင်မောင်၏ပါးအိအိလေးအား ပါးချင်းကပ်ကာ မှေးနေလိုက်သည်။

"ဟေး ဟိုနှစ်ကောင် မပြီးကြသေးဘူးလား ? " ရန်ပိုင်က စကားသံနဲ့အတူ တံခါးကို တွန်းဖွင့်ဝင်လာလေရာ ထိုသို့နှယ် မသင့်မလျော် မမှန်မကန်သော မြင်ကွင်းက တိုက်ရိုက်ကြိုဆိုနေမည်ဟု မမျှော်လင့်လိုက်ပေ။ ထို့အပြင် ရန်ပိုင်က တံခါးကိုဖွင့်လျက်သားဖြစ်နေတာကြောင့် မင်းခန့်နဲ့ မြတ်သာဦးကပါ ထိုမြင်ကွင်းကို ရှင်းလင်းစွာ မြင်လိုက်ရသည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now