အပိုင်း(၃၇)မင်းက ချောပြီး ကလက်လို့ ချောကလက်တုံးလေးလို့ ခေါ်မယ်

255 28 1
                                    

" မင်း ထူးဆန်းတယ်လို့ မထင်မိဘူးလား ? " မြတ်သျှင်မောင်က စဉ်းစားကာ ပြောလေသည်။

" ဘာကိုလဲ ? "

" ပုံမှန်ဆိုရင် မင်းငါ့ကို ချစ်တယ်လို့ ပြောပြီးရင် တစ်ဘဝလုံး ငါ့ကိုကာကွယ်ပေးမှာတို့ ၊ ငါ့ကို လက်ထပ်မှာတို့ ပြောရမှာလေ။ ငါ တစ်ခါတလေကျရင် ငါ မင်းကို တကယ်နားမလည်နိုင်ဘူး၊ မင်း ပြောတာတွေက ထူးဆန်းနေလို့ ခံစားရတယ်။ မင်း ခွန်မင်းအာကာဟန်ကို သဘောမကျဘူးဆိုရင်လည်း ငါ့ကို ဘာလို့ ပတ်သက်ခိုင်းသေးလဲ ? ငါ့ကို ပြောလိုက်ရင် ရတယ်လေ၊ အဲတုန်းကလည်း မင်းမပြောခဲ့ဘူး။ ခင်ဦးနဲ့တုန်းက ကိစ္စကိုလည်း ငါ့ကို မပြောပြဘူး။ငါပဲ အမြဲစိတ်ဆင်းရဲနေခဲ့ရတာ။ အခုလည်း နှုတ်ဆက်စကားတွေ ပြောနေခိုင်းသေးတယ်။ ငါ မင်းကို ဘယ်လိုများ နားလည်ရပါ့ "

ဥဒေါင်းညိုက မြတ်သျှင်မောင်ပြောတာကို နားလည်ကြောင်း ခေါင်းညိမ့်ပြသည်။

" အဲတာဆို မင်းရော ငါ့ကို ချစ်ပြီလား ? "

ဥဒေါင်းညို မေးလာတော့ မြတ်သျှင်မောင် ချစ်ပါတယ်လို့ ပြန်မဖြေနိုင်ခဲ့ပေ။ သူ့စိတ်ထဲလည်း မသေချာသေးတာကြောင့်ဖြစ်သည်။ သူ ဥဒေါင်းညိုနဲ့ အတူနေရတာကို တကယ်နှစ်သက်ပါသည်။ ဥဒေါင်းညို သူ့နားမှာ ရှိနေပေးတာ၊ ဥဒေါင်းညို သူ့ကို ဂရုစိုက်ပေးတာကိုလည်း ကြိုက်တယ်။ မနက်တိုင်း ဥဒေါင်းညိုနဲ့ နမ်းရတာကိုလည်း ကြိုက်တယ်။ ဥဒေါင်းညိုက သူ့ကို စာတိုလေးတွေ လာပေးတာကိုလည်း ကြိုက်တယ်။

ချစ်တယ်ဆိုတာ အဲတာကို ခေါ်တာလား?

ချစ်တယ်ဆိုတဲ့ ခံစားချက်က ဘာများပါလိမ့် ?

" မသိဘူး " မြတ်သျှင်မောင်က ရိုးရိုးသားသားပဲ ဖြေပေးလာသည်။ " မသိဘူး ငါ မင်းကို ချစ်နေတာလား မချစ်ဘူးလားဆိုတာကို ငါ မသိဘူး၊ ဒါပေမဲ့ မင်းနဲ့တူတူရှိနေရတာကိုတော့ ပျော်တယ်၊ မင်းနဲ့အတူ အကြာကြီး ရှိနေရရင် ကောင်းမယ် "

"တစ်နေ့နေ့တော့ မင်းနားလည်လာပါလိမ့်မယ် " ဥဒေါင်းညိုသည် ခပ်တိုးတိုးလေး ပြောလာခဲ့သည်။ သူ့အသံက သက်ပြင်းရှည်တစ်ခုကို ချနေရသလိုမျိုးပဲ။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Donde viven las historias. Descúbrelo ahora