အပိုင်း(၂၄) ဂေါ်ဖီထုပ်ကလေး ခြေထောက်နာနေတယ် ဝူး ဝူး ~

386 45 6
                                    

  ဥဒေါင်းညို နောက်ပြန်ကြည့်လိုက်တော့ မြတ်သျှင်မောင်က ပြေးလမ်းပေါ်တွင် မှောက်လျက်လဲကျနေလေသည်။ မြတ်သျှင်မောင်၏နောက်ကျောတစ်ခုလုံးက ချွေးတွေရွှဲနစ်နေပြီး ခေါင်းကလည်း ရေလောင်းထားသကဲ့သိုပင် ဖြစ်နေလေသည်။ ပန်းတိုင်ကလည်း နောက်ခြေလှမ်းအနည်းငယ်ထပ်ပြေးလျှင်ရောက်တော့မည်ဖြစ်သည်။ သူက အပြေးမြန်တာကြောင့် ခပ်မြန်မြန်ရောက်လာခြင်းဖြစ်သည်။ ဥဒေါင်းညိုက မြတ်သျှင်မောင်ဆီကိုပဲ ပြေးရတော့မလို ပန်းတိုင်ဆီကိုပဲ ပြေးရတော့မလိုနဲ့ သူက ဝေခွဲမရဖြစ်နေလေသည်။

" အဟွတ် အဟွတ် " မြတ်သျှင်မောင်က မြက်ခင်း၏ ဖုန်မှုန့်များကြောင့် သူက ချောင်းဆိုးရင်း ခေါင်းထောင်လာသည်၊ သူ လဲကျတာက ဒုတိယတစ်ဝက်နှင့် သိပ်မဝေးတာကြောင့် မြတ်သျှင်မောင်က ပြန်ကုန်းထဖို့ ပြင်လေသည်။

" မြတ်သျှင်မောင် ရရဲ့လား ? နာသွားတာ ရှိလား ? " ခွန်မင်းအာကာဟန်က သူ့ကို လှမ်းအော်ကာ မေးလေသည်။ ကျန်သောပြိုင်ပွဲဝင်များက ကျန်တစ်ဝက်ကို ဆက်ပြေးနေကြပြီဖြစ်သော်လည်း ခွန်မင်းအာကာဟန်တစ်ဦးတည်းကသာ ကျန်လေသည်။ မြတ်သျှင်မောင်က အားပြုကာ ထဖို့ လုပ်ပေမဲ့ သူ့ခန္ဓာကိုယ်ကို သူသယ်ဖို့တောင် အားလက်ကျန်က မကျန်တာကြောင့် သူက လေးဖက်ထောက်ကာ ထထိုင်လေသည်၊

" ဟေ့ကောင် မင်း ဘယ်သွားမလို့လဲ ! "မင်းခန့်က နောက်ပြန်ပြေးလာတဲ့ ဥဒေါင်းညိုလက်မောင်းကို ဖမ်းဆွဲလိုက်သည်။ ဥဒေါင်းညိုက မင်းခန့်ကို ပြန်တွန်းဖယ်ရင်း " မြတ်သျှင်မောင် လဲကျသွားတယ်ကွ ! ငါ သွားကူမှ ရမှာ! "

" ပန်းတိုင်ရောက်အောင် အရင်ပြေးစမ်းပါ !! သူက မင်းသူ့ဆီ လာကူတာကို လိုချင်နေတယ်အောက်မေ့နေတာလား ! မင်း မမေ့လိုက်နဲ့ သူလည်း ယောက်ျားကွ !! " မင်းခန့်က စိတ်မရှည်တော့သည့်နှယ် ကဲကဲသဲသဲဖြစ်နေတဲ့ ဥဒေါင်းညိုကို မာန်ပစ်လိုက်သည်။

မင်းခန့်အသံကြားတာကြောင့် မြတ်သျှင်မောင်ကြည့်လိုက်တော့ ဥဒေါင်းညိုက သူ့ဆီကို ပြေးလာဖို့ လုပ်နေတာကြောင့် မင်းခန့်နဲ့ အချေအတင်ဖြစ်နေတာကို သိလိုက်သည်။ ဥဒေါင်းညိုသာ သူ့ဆီကို ပြေးလာရင် ပြိုင်ပွဲကနေ အမှတ်ရတော့မှာမဟုတ်ဘူး ၊ သူ့ကြောင့် ရှုံးမှာစိုးလို့ အတူမပြေးခဲ့တာကို မဖြစ်ဘူး ။မြတ်သျှင်မောင်က ဥဒေါင်းညိုတို့ ကြားစေနိုင်လောက်သည်အထိ အော်လိုက်သည်။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now