" ဒီနေ့ ဆရာမ ဆရာကန်တော့ပွဲကို သွားရမှာမို့လို့ ညနေပိုင်းကိုတော့ အတန်းလွှတ်ပေးလိုက်မယ် "" ရေးးးး " ဘော်ဒါဆောင်ဆရာမကြီးက ညနေ ၃ နာရီအတန်းပြီးသည်နှင့် ထိုသို့လာပြောတော့ ကျောင်းသားများအားလုံးက အော်ဟစ်ကာ ပျော်ရွှင်နေကြလေသည်။
"ဒါပေမဲ့လည်း ကိုယ့်ကိုယ့်ကိုယ် ဆယ်တန်းကျောင်းသားတွေမှန်း သိကြတယ်မလား ? စာမေးပွဲဖြေဖို့ကလည်း လက လက်ချိုးရေလို့ ရနေပြီ။ ကိုယ့်အသိစိတ်နဲ့ ကိုယ် စာကြည့်ကြ ၊ ကြားလား ? "
" ဟုတ်ကဲ့ပါ ဆရာမ " ကျောင်းသားများက ညီညီညာညာပြောလေသည်။
" ပြောလိုက်ရင်တော့ အားလုံးက ဟုတ်ကဲ့ချည်းပဲ ပြီးမှ တလွဲတွေ လုပ်တာ "
" ဟီး ဟီး ဆရာမကလည်း " ပျော်ပျော်နေတတ်သော ကျောင်းသားများက ဆရာမကို ခြံဝကနေ ကားပေါ်အထိ လိုက်ပို့ပြီးနောက် ခြံတံခါးကို ပိတ်ကာ အုပ်စုလိုက် ဘောလုံးကန်တော့သည်။ တစ်ခါတလေ ဆရာမက အဆောင်ရှေ့က ကွက်လပ်နေရာမှာ ဘောလုံးကန်ခွင့်ပေးတာကြောင့် ဘေးအိမ်များကလည်း ဘာမှ မပြောချေ။
မြတ်သျှင်မောင်သည်လည်း စာအုပ်များကို သိမ်းကာ ဘောလုံးသွားကန်ဖို့ ထရုံပင် ရှိသေး။ ဥဒေါင်းညိုက နောက်မှာ လာရပ်နေလေသည်။
" ဟို ဟို ငါ...."
" မနက်ဖြန်မနက်ထပ်ရမယ့် မြန်မာစာ စာစီစာကုံးလေး ပြပါဦး "
ဥဒေါင်းညိုက ခုံတန်းရှည်၏ အဝတွင် ရပ်နေတာကြောင့် ဘောလုံးသွားကန်ကြမယ့် သုံးယောက်လုံးကထွက်မရဖြစ်နေလေသည်။ ခုံတန်းရှည်၏ တစ်ဖက်ကလည်း နံရံဖြစ်နေတော့ ပိတ်မိနေလေသည်။
" ဘောလုံးကန်ပြီးရင် ရေးမယ်လေနော် မရဘူးလားဟင် " မြတ်သျှင်မောင်က မျက်လုံးရွဲကြီးများဖြင့် တောင်းဆိုလေသည်။ အလွန်အမင်းချစ်စဖွယ်ကောင်းသော အပြုအမူကြောင့် ဥဒေါင်းညို ကျရှုံးလုနီးနီးပင် ။
" မရဘူး ။ ပြီးခဲ့တဲ့အပတ်က မင်း စာစီစာကုံးမှာ ၄ မှတ်ထဲ ရခဲ့တာ ၊ "
" သူတို့လည်း မပြီးသေးဘူးလေ၊ ပြီးမှ သူတို့နဲ့ တူတူရေး ..." မြတ်သျှင်မောင်က ရန်ပိုင်တို့နဲ့အဖော်ညှိဖို့ လုပ်ပေမဲ့လည်း မင်းခန့်နဲ့ ရန်ပိုင်က ရေးထားပြီးသား စာအုပ်တွေကို ထောင်ပြလျက် ငါးခူပြုံး ပြုံးပြနေလေသည်။
YOU ARE READING
《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》
Teen FictionMyanmar Teens fiction