အပိုင်း(၁၆)မနက်စာအတွက် မနက်စာ နှင့် ပေါက်ကွဲခါနီး ငှက်ရုပ်ဆိုး

351 38 2
                                    

" ဝိုး ဥဒေါင်းညိုတို့ကတော့ လုပ်ချလိုက်ရင် အမြဲတမ်းတည့်တိုးပဲ ၊ တစ်ခါလေးတောင် မလွဲ၊ ရည်ရွယ်ထားတဲ့သူက မသိတာကတော့ ဝမ်းနည်းစရာကောင်းတာပေါ့လေ " မင်းခန့်က ဉာဏ်လင်းအောင်ကို တုန့်ပြန်ကာ ပြောလိုက်သည်။

" မင်း မသိတာတွေကို မပြောစမ်းပါနဲ့၊ သူကပဲ သိတတ်နေသလိုမျိုး စာပဲ အေးဆေးကူးစမ်းပါ "

ဘုန်း  ဘုန်း

မြတ်သျှင်မောင်က သူ့ရှေ့က နှစ်ယောက်ကို စာအုပ်ကို လိပ်ကာ ရိုက်လိုက်ပြီးတော့ " မင်းတို့က သူ့အဖေလား ? စာမေးပွဲက အူထဲရောက်နေပြီကို မင်းတို့က ပြောနေသေးတယ်။  မင်းတို့ကို ဆရာက စာလာဆိုခိုင်းတော့မှ မင်းတို့ မျက်နှာတွေကို ကြည့်ဦးမယ် "

" မင်း မသိလည်း နေပေါ့ "

ထိုအချိန်တွင် ဘေးတွင် ထိုင်နေသော ပြည့်စုံကျော်က မေးလာသည်။ " ဒီအပတ် ထိုင်းသရဲကား ရုံတင်မှာတဲ့ ငါ သွားကြည့်မလို့ လိုက်ကြမလား ? "

" သရဲကားလား ? ငါ သွားမကြည့်ရဲဘူး ရန်ကုန်က ရုပ်ရှင်ရုံတွေမှာ သရဲခြောက်တယ်၊ ငါ ကြုံဖူးတယ် ။ " မြတ်သျှင်မောင်က ပြောလေသည်။

" မဖြစ်နိုင်တာ လူတွေအများကြီးနဲ့ကို မင့်သရဲက ဘယ်လိုခြောက်တာလဲ "

မြတ်သျှင်မောင်က သူ ကြုံရတာကို ပြောပြလေသည်။ " ငါ ရှစ်တန်းတုန်းက ငါ့အစ်ကို တစ်ဝမ်းကွဲနဲ့ ရုပ်ရှင်သွားကြည့်တာ  ၊ ထိုင်းသရဲကားပဲ ၊ သရဲကားက တစ်ဝက်လောက်ရောက်ရော ငါက နောက်တန်းကနေ တဒန်းဒုန်းအသံကြားတာ ၊ ငါ့အစ်ကိုပြောတော့လည်း သူက မသိဘူးတဲ့၊ ငါ နောက်လှည့်ကြည့်လိုက်တော့ ငါ့နောက်တန်းက အစ်ကိုတစ်ယောက်ပေါ်မှာ   ဂါဝန်နဲ့ ခွရက်ကြီးကွ, ငါ ရုပ်ရှင်ရုံထဲကနေ ထပြေးတော့တာပဲ "

" ဖွီး ဟား ဟား ဟား "
မြတ်သျှင်မောင်စကားလည်း အဆုံး ဘေးနားက ကောင်တွေအကုန်လုံးက ထရယ်ကာ ရန်ပိုင်ဆိုလျှင် ရယ်လွန်း၍ ပုဆိုးပင် ကျွတ်ကျလေသည်၊။မြတ်သျှင်မောင်က သူအတွေ့အကြုံကို ပြောပြရုံပဲ ဆိုပေမဲ့ ဘာလို့ သူ့သူငယ်ချင်းတွေ ရယ်နေတာဆိုတာကိုတော့ မသိတော့ချေ။

《ပွင့်ဖူးသဇင် ပင်ထိပ်တင် ပန်းတော်ဝင်မို့ ထူးလှတယ် 》Where stories live. Discover now