Chapter-4

7.2K 855 36
                                    

Unicode

အခန်း(၄) ကိုယ်ပိုင်နေရာလွတ် (၄)
စာရေးသူ: NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ: No Noe (Miracle_Phyu97)

အအေးမိခြင်း၊ အဖျားတက်ခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်းနှင့် အခြားအရေးပေါ်အခြေအနေကိစ္စများအတွက် လိုအပ်သည့် ဆေးအချို့ကို ဝယ်ယူခဲ့သည်။ သူမသည် triple sixအမှတ်တံဆိပ် အအေးမိအဖျားပျောက်ဆေးတောင့် ဆယ်ဗူးကိုလည်း ဝယ်ယူခဲ့သည်။

စာရင်းစာရွက်ထဲမှာ မှတ်သားထားတဲ့ ပရုတ်ဆီလိုမျိုး အသုံးများတဲ့ အခြားဆေးဝါးတချို့ကိုလည်း ဝယ်ယူခဲ့ပြန်သည်။

၎င်းတို့အများအပြားသည် အရမ်းစျေးကြီးသဖြင့် ယွမ်တစ်သောင်းနီးပါး ကုန်ကျစေခဲ့သော်လည်း လင်းချင်းဟယ်သည် ဖြစ်လာနိုင်သည့်အဖြစ်အပျက်အတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သောကြောင့် ထိုကုန်ကျစရိတ်ကို စိတ်ထဲမထည့်ထားပေ။

ဒါတွေအားလုံးက နေရာအများကြီးမယူဘူး။ လင်းချင်းဟယ်သည် ဆေးပစ္စည်းအများကြီး ဝယ်ယူထားသောကြောင့် ဆေးဆိုင်ကို စက္ကူဂျပ်ဗူးတစ်ခုဖြင့် ထုတ်ပိုးခိုင်းလိုက်သည်။

မီနီဘတ်စ်ပေါ်ကို တင်ပြီးနောက် လင်းချင်းဟယ်သည် စာရင်းစာရွက်ကိုထုတ်ယူကာ "ဆေး" ဟူသော စာသားကို ဖျက်ပစ်လိုက်သည်။

ထို့နောက် သူမသည် လက်ကားစျေးသို့ မောင်းသွဦးကာ လက်ကားမန်နေဂျာက သူမ၏ကျန်ရှိနေသော ဂျုံအိတ် ၅၀ကို ကားထဲသို့ ပို့ဆောင်ပေးရန် တစ်စုံတစ်ဦးကို ခေါ်ခိုင်းခဲ့သည်။

"အကယ်၍ မင်း တစ်ခုခုလိုအပ်နေတာ ရှိသေးရင် ကျွန်တော် အကုန်ပြင်ဆင်ပေးလို့ရတယ်။ မင်း ဒီနေရာကိုပြန်ရောက်တာနဲ့ မင်း ကားပေါ်ကိုတင်ခိုင်းဖို့ တစ်ယောက်ယောက်ကို ခိုင်းလို့ရတယ်။" လက်ကားမန်နေဂျာက ယဥ်ကျေးစွာ ပြောသည်။

လင်းချင်းဟယ်သည် နဂါးလှေပွဲတော်ချိန် နီးလာသဖြင့် ဝန်ထမ်းများအား အကျိုးခံစားခွင့်များ ပေးအပ်သော ကုမ္ပဏီကြီးတစ်ခု၏ အဝယ်တော် ဖြစ်လိမ့်မည်ဟု သူက ယူဆခဲ့သည်။

လင်းချင်းဟယ်က သူပြောတာကိုကြားလိုက်ရတော့ စိတ်အားထက်သန်စွာနဲ့ မှတ်စုစာအုပ်ကို ထုတ်ယူလိုက်ပြီး သကြားညို၊ သကြားခဲ၊ ပဲငံပြာရည်၊ ရှာလကာရည်နဲ့ ဆားတို့ကို ချရေးလိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now