Chapter-27

6.3K 738 13
                                    

Unicode

အခန်း(၂၇) - နှမ်းဝက်နံရိုးဆန်ပြုတ်
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)

ဒါကို အမေကျိုးသာမြင်ရင် ထင်းကို ဘယ်လိုဖြန်းတီးကြောင်း မြည်တွန်တောက်တီးမှာ သေချာပေါက်ပါပဲ။ ဒါပေမယ့် အမေကျိုးက မိသားစုရိက္ခာဝေခြမ်းဖို့ရှိနေတော့ အခုလောလောဆယ် မအားလပ်ဘူး။

လင်းချင်းဟယ်က အစားအသောက်တွေ ဝယ်ခြမ်းဖို့ ယွမ်ခြောက်ဆယ်ကျော် သုံးစွဲခဲ့တယ်ဆိုတာကို ကြားလိုက်ရတဲ့အခါမှာ အမေကျိုးသည် သူမနှလုံးသားကွဲကြေသွားသလို ခံစားလိုက်ရသည်။

"ဒါက မနှစ်ကထက်စာရင် အများကြီးနည်းပါတယ်။" ဒုတိယမရီးက မှတ်ချက်ပေးသည်။

ဒါက အမှန်ပါပဲ။ လွန်ခဲ့သည့်နှစ်က မူလကိုယ်သည် အစားအ‌သောက်များ ဝယ်ခြမ်းရန် ယွမ်ရှစ်ဆယ်ခန့် သုံးစွဲခဲ့ပြီး ရွာတွင် အကြီးအကျယ် ဆူဆူပူပူ ဖြစ်သွားစေခဲ့သည်။

ဟုတ်တာပေါ့။ အဲ့တုန်းက ဂျုံးကို အများဆုံး ဝယ်ယူခဲ့သည်။

"မီးဖိုနဲ့ ကျောက်မီးသွေးဝယ်လိုက်လို့ ပိုက်ဆံမကျန်တာရော မဖြစ်နိုင်ဘူးလား။" ဒုတိယမရီးက ဖြေဖို့မလိုအပ်ပဲ မပွင့်တပွင့်ပြောနေသည်။

ဒီစကားထွက်သွားသည်နှင့် သူမက အမှန်တရားကို ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားလိုက်ရသည်။ စတုတ္ထလေးရဲ့ဇနီးသည် နောက်ဆုံးအကြိမ်တုန်းက သူမလက်ထဲတွင် ပိုက်ဆံသိပ်မကျန်တော့ဘူးလို့ပြောခဲ့ပြီး အသင်းတွင် အစားအသောက် ဝယ်ခြမ်းရန် ဒီလောက်သုံးစွဲနိုင်လိမ့်မည်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

ဒီနှစ်က မနှစ်ကထက်စာရင် အများကြီးနည်းလေသည်။ ဒီတစ်ခါတော့ သူမမှာ တကယ်ပဲ ပိုက်ဆံပြတ်လပ်သွားမှာ ကြောက်မိသည်။

အမေကျိုး၏ မျက်နှာအမူအရာသည် မည်းမှောင်နေပြီး စိတ်ထဲတွင် သက်ပြင်းခိုးချလိုက်သည်။ စတုတ္ထုလေးရဲ့ဇနီးက ကလေးတွေအပေါ် ပိုကောင်းလာပြီး သူတို့ဆီကိုလည်း အရိုးအကြီးကြီးများနဲ့ အဆီကြွယ်ဝတဲ့အသားတွေကို တစ်ခုပြီးတစ်ခု ပို့ပေးကာ ယခင်ကထက် ပိုဂရုစိုက်လာခဲ့တာကို သူမ မြင်တွေ့ခဲ့ရသည်။ သို့သော် သူမသည် ငွေသုံးစွဲတာကိုတော့ မချွေတာတတ်ချေ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now