Chapter-128

4.3K 500 1
                                    

Unicode

အခန်း (၁၂၈) - သာယာချမ်းမြေ့သော ဘဝလေး

"ဘယ်သူတွေက ဘာပြောရမှာလဲ။ ငါတို့တွေက အိမ်ထောင်စု ခွဲပြီးနေပြီ။ လူကြီးနှစ်ယောက်စလုံး စတုတ္ထလေးတို့ မိသားစုနဲ့ အတူစားနေကြတာ၊ သူတို့ဝေစုကို စတုတ္ထလေးတို့အိမ်ကို ပို့တာက ဖြစ်သင့်ဖြစ်ထိုက်တာပဲ။ ငါတို့ကိုယ်ပိုင်မိသားစုတွေမှာလည်း အလုပ်မှတ်တွေ ရှိနေတာပဲ၊ ငါတို့ အဖေတို့၊ အမေတို့ရဲ့ အသားတွေကို စောင်းငှဲ့မကြည့်သင့်ဘူး။" တတိယမရီးက နောက်မှာ ထောက်ခံပြောဆိုခဲ့သည်။

ဝမ့်လင်းပြောတာကို ကြားတော့ အနီးအနားကလူတွေက သို့လောသို့လော တွေးထင်မိကြပေမယ့် အကြီးဆုံးမရီးနှင့် တတိယမရီးတို့ရဲ့ စကားတွေ ကြားအပြီးတွင် သူတို့ ဘာမျှ မပြောကြတော့ပေ။

လူအိုကြီးကျိုးဇနီးမောင်နှံက သူတို့အိမ်မှာ ချက်ပြုတ်မစားသောက်တော့ပဲ စတုတ္ထကျိုလေးတို့အိမ်မှာ စားသောက်နေကြတာကို ရွာရှိ မည်သူကမှ မသိပဲ နေမှာလဲ။

ဒါ့ကြောင့်၊ စတုတ္ထလေးတို့အိမ်ကို အသားပို့တာက ပုံမှန်ပါပဲ။

ဝမ့်လင်းသည် လူတိုင်းက သူမဖက်တွင် မရှိတာကို မြင်လိုက်ရသည်နှင့် ဘာမှ ထပ်မပြောတော့ပေ။

ဒုတိယမရီးသည် ကြောက်စရာကောင်းတဲ့ မျက်နှာအမူအရာကို ထိန်းသိမ်းထားပြီး အထူးသဖြင့် သူမအလှည့်ရောက်ချိန်တွင် ပိုမိုဆိုးရွားသွားခဲ့သည်။ သူမတို့မိသားစုက အသားကို သုံးကျင်းသာ ရရှိခဲ့သည်။

တစ်ခု သိထားရမှာက၊ အခု လင်းချင်းဟယ်က အဆီအသားကောင်းကောင်း အသားတုံးအကြီးကြီးကို ရရှိချိန်တွင် သူမကတော့ အသားသုံးကျင်းသာ ရရှိခဲ့သည်။

တခြားအသားတွေရော ပါသေးတယ်မလား။

လင်းချင်းဟယ်သည် နံရိုးတွေနှင့် အရိုးတွေကို ခပ်များများ ဝယ်ယူထားသောကြောင့် ပမာဏ များပြားပုံရသည်။ စျေးသက်သာသောကြောင့် သူမသည် ဤအရာများကို ပိုမိုတောင်းဆို ဝယ်ယူခဲ့သည်။

အသားဖြန့်ဖြူးပြီးနောက် အိမ်ပြန်ရောက်တော့ ဒုတိယမရီးရဲ့ မျက်နှာအမူအရာဟာ အရမ်းဆိုးရွားနေဆဲ ဖြစ်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now