Chapter-144

4K 449 0
                                    

Unicode

အခန်း (၁၄၄) - ၇၁ ခုနှစ်၏ နောက်ဆုံးရက်

"ဒေါ်လေး သွားလို့ရပါတယ်" လောင်စန်းက ပြောလိုက်သည်။

သူ့မိသားစုကို ပေးရန် သူ့ဒေါ်လေးသည် သကြားလုံးများကို သယ်လာသည့်တိုင် သကြားလုံးများက သူ့အတွက် ရှားပါးသည့်အရာ မဟုတ်ပေ။ သူ့အိမ်တွင် ရှိသည်။ ပြီးခဲ့သည့်အခေါက်က သူ့အမေသည် နှစ်ထုပ်ဝယ်လာပြီး တစ်ထုပ်ကျန်သေးသည်။

ကျိုးရှောင်မိန်သည် သကြားလုံးများ သယ်သွားသည်။

"ရတာပဲ၊ ငါနည်းနည်းပိုချက်ဖို့ လိုအပ်ရုံပဲ" လင်းချင်းဟယ်က ပြောသည်။

သူမသည် ကျိုးရှောင်မိန်နှင့် စုတာ့လင်းပေါ် အမြင်ကောင်း ရှိသေးသည်။ ထို့ကြောင့် သူမ စိတ်ထဲ မထားပေ။

"ကောင်းပြီလေ၊ ဒါဆို ညီမ ပစ္စည်းတွေ သယ်လာမယ်" ကျိုးရှောင်မိန်က ပြုံးလိုက်သည်။

"တာ့နီနဲ့ တခြားသူတွေအတွက် ဒီသကြားလုံးတွေ ယူသွားလိုက်၊ တစ်ခါတလေ အမေက အလုပ်များလွန်းတဲ့အခါ သူတို့က ကလေးထိန်းဖို့လဲ ကူညီပေးတာ" လင်းချင်းဟယ်က သကြားလုံးများကို ပြန်ယူသွားခိုင်းလိုက်သည်။

"ဟိုမှာ နှစ်ထုပ်ရှိပါသေးတယ်" ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လင်းချင်းဟယ်သည် ဒုတိယယောက်မက ဝေစုရမှာမဟုတ်မှန်း သိပြီး ပြုံးလိုက်သည်။

"ဖြေလိုက်လေ၊ နင့်တူတွေ တူမတွေကို ခွဲပေးလိုက်၊ သူတို့လဲ ပျော်သွားမှာ"

"ကောင်းပြီလေ" ကျိုးရှောင်မိန်က ခေါင်းညိတ်လိုက်သည်။

သူမက ကျိုးအိမ်ဟောင်းသို့ ရောက်ချိန်တွင် နို့သကြားလုံး အလုံးနှစ်ရာထုပ်ကို ဖြေပြီး သူမ၏ တူများ၊ တူမလေးများကို ဝေပေးလိုက်သည်။

သူမက တတိယယောင်းမအတွက် ငါးနှစ်ကောင်နှင့် ဝက်သားနှစ်ကျင်း ထားပေးထားည်။ ကျန်သည်များကို လင်းချင်းဟယ်ဆီ သယ်သွားလိုက်၏။

လင်းချင်းဟယ်က တသီးတသန့် ပြုမူမနေပေ။ တစ်အိမ်သားလုံးကို လုပ်ကိုင်ကျွေးမွေးနေသူက ကျိုးချင်းပိုင်ဖြစ်သည်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းက ခဏတဖြုတ် လာနေကြသောကြောင့် သူတို့ရိက္ခာများ ယူလာရပေမည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now