အခန်း (၁၈၇) - အသားဘန်းမုန့်ပြုလုပ်ခြင်း
ရက်တွေ ကြာလာသည်နှင့်အမျှ ဒီနှစ်ကုန်မှာ အသားတွေ ဖြန့်ဖြူးပေးမယ့်အချိန်ကို ရောက်လာခဲ့သည်။
မိသားစုမှာ မွေးထားတဲ့ ဝဖြိုးဖြိုး ဝက်နှစ်ကောင်ကိုလည်း နံနက်စောစောတွင် အသင်းသို့ အပ်နှံခဲ့ပြီး ဖြစ်သည်။
မနက်စာ စားသောက်ပြီးနောက် လောင်တ၊ လောင်အာ့နှင့် လောင်စန်းတို့သည် ဝက်ပေါ်တာကို သွားကြည့်ချင်နေကြသည်။
စုချန်လေးသည်လည်း နောက်သို့ လိုက်ပါသွားချင်နေခဲ့သည်။
"မရဘူး၊ မင်း အရမ်းငယ်နေသေးတယ်။ ဝက်ပေါ်တဲ့မြင်ကွင်းမျိုး မင်းကြည့်ဖို့ မသင့်သေးဘူး။" လောစန်းလေးက သူ့ကို ချော့ပြောသည်။
"ကျွန်တော် မကြောက်ပါဘူး။" စုချန်လေးက ပြောသည်။
သူ့အစ်ကိုတွေနှင့် မကြာခဏ ဆိုသလို ရောနှောနေထိုင်တာ ဖြစ်သောကြောင့် သူ့ရဲ့ ဘာသာစကားစွမ်းရည်မှာ အတော်လေး တိုးတက်လာခဲ့သည်။
"မင်း ဒါကို မြင်ပြီးရင် အိမ်မက်ဆိုးတွေ မက်လိမ့်မယ်။" လောင်အာ့သည်လည်း ဝင်ပြောခဲ့သည်။
"ကျွန်တော် မကြောက်ဘူး။" စုချန်လေးက သူ့စကားကို ဆက်လက်ထိန်းသိမ်းထားသည်။
ဒါပေမယ့် အဆုံး၌ စုချန်လေးက အရမ်းငယ်သေးသည့်အတွက် ဝက်ပေါ်တာကို လိုက်ကြည့်ခွင့် မရခဲ့ပါဘူး။ သူ အသက်နည်းနည်းကြီးလာသည့်အချိန်မှ လိုက်ကြည့်ခွင့်ရနိုင်လိမ့်မည်။
သို့ရာတွင် ဝက်ပေါ်တာကို လိုက်ကြည့်ခွင့်ရကြသည့် ကလေးတွေသည်လည်း ဝက်ကို သတ်သောအခါတွင် ကျိုးချင်းပိုင်က သူတို့ရဲ့မျက်လုံးတွေကို ဖုံးကွယ်ထားခဲ့သည်။ လောင်တသည် လောင်စန်းရဲ့ မျက်လုံးကို အုပ်ထားပေးသည်။
လောင်အာ့ကတော့ သူ့မျက်လုံးတွေကို တစ်ဝက်လောက် ဖုံးကာထားပြီး သူ့တစ်ကိုယ်လုံး အနည်းငယ် တင်းမာသွားသည်။
ဝက်တွေကို တစ်ကောင်ပြီး တစ်ကောင် အမဲဖြတ်ခဲ့ကြသည်။
ယခုနှစ်အတွင်း ဝက် ၃ကောင် ပေါ်ခဲ့သည်။ အိမ်ထောင်စုတိုင်း အသားဝေစု အများကြီး ရခဲ့သည်။ သို့သော် ကျိုးချင်းပိုင်ရဲ့ မိသားစုက မွေးမြူထားသော ဝက်နှစ်ကောင်ရဲ့ အသားကို ပိုမို လိုချင်ကြသည်။ ကျိုးချင်းပိုင်တို့အိမ်က ဝက်တွေဟာ တကယ့်ကို ဝဖြိုးသည်။ အဆီတွေ ပေါကြွယ်ဝပြီး သန်မာကြသည်။