Chapter-130

4.4K 479 1
                                    

Unicode

အခန်း (၁၃၀) - မြို့တော်သို့ ရောက်ခြင်း

ကျိုးချင်းပိုင်သည် သူ့အမေဆိုလိုတာကို အစက သဘောမပေါက်ပေ။ သို့သော် သဘောပေါက်သွားချိန်တွင် အံ့ဩသွားလေ၏။

"အမေ စစ်ဆေးဖို့ လိုနေတဲ့သူက ချင်းဟယ် မဟုတ်ဘူး၊ စစ်ဆေးချင်တာက ကျွန်တော်ပဲ" ကျိုးချင်းပိုင်က ပြောလိုက်သည်။

"သား စစ်ဆေးဖို့လား" အမေကျိုးက ကြောင်အသွားသည်။ "မင်းက ဘာဖြစ်လို့လဲ"

"ကျွန်တော် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့ အချိန်တုန်းက ခန္ဓာကိုယ်အောက်ပိုင်းအထိ ဝေဒနာ ခံစားရတယ်ထင်လို့၊ ဒါကြောင့် ချင်းဟယ်က အခုထိ ကလေးမရသေးတာနေမှာ" ကျိုးချင်းပိုင်က ပြောသည်။

သူက အားလုံးကို တာဝန်ယူပြောပေးနေတာ မဟုတ်ပေ။ သူ တကယ် သံသယဝင်နေတာ ဖြစ်သည်။ ထိုစဉ်က ဒဏ်ရာရသည့်အခါက သူ့ခန္ဓာကိုယ်အောက်ပိုင်းကို မထိခဲ့သော်ငြား ဒဏ်ရာက အတော်ပြင်းခဲ့သည်။

သူ့ကြောင့် ဖြစ်လောက်သည်။ မဟုတ်လျှင် သူ့ဇနီးသည်၏ ကိုယ်ဝန်ရနိုင်ခြေ မြင့်မားသည့် စွမ်းဆောင်နိုင်စွမ်းဖြင့် ယခုအချိန်အထိ အဘယ်ကြောင့် ကိုယ်ဝန် မရှိသေးသနည်း။

ယင်းက အမေကျိုးကို အတွေးများစေသည်။ လောင်စန်းက အရွယ်ကြီးနေပြီဖြစ်သည်။ ထိုသို့တိုင် စတုတ္ထလေး၏ ဇနီးသည် အဘယ်ကြောင့် ကိုယ်ဝန် မရသေးသနည်း။ ထိုအကြောင်းကြောင့်များလော။

"လောင်တ့ရဲ့အမေက မင်းကို တစ်ခုခုပြောလို့လား" အမေကျိုးက မမေးဘဲ မနေနိုင်တော့ချေ။

"မပြောဘူး" ကျိုးချင်းပိုင်က ခေါင်းခါပြီးနောက် ပြောလိုက်သည်။

"အမေ ကျွန်တော်တို့အတွက် ကလေးတွေကို အဖေနဲ့ အမေ ဂရုစိုက်ပေးရင် လုံလောက်ပါပြီ"

"ကောင်တီဆေးရုံမှာ သွားမစစ်ဘူးလား" အမေကျိုးက မပြောဘဲ မနေနိုင်တော့ချေ။

"ပိုကြီးတဲ့နေရာကို သွားတာ ကောင်းတယ်၊ ဒီမှာဆို ဘာရလဒ်မှ မထွက်မှာ စိုးတယ်" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now