Chapter-80

5.8K 670 1
                                    

Unicode

အခန်း (၈၀) - နွေစပါးရိတ်သိမ်းခြင်း

"စတုတ္ထယောင်းမ နင် ဘယ်လိုလုပ်ပြီး သိနေရတာလဲ။" ကျိုးရှောင်မိန်ရဲ့ပါးပြင်တွေဟာ နီမြန်းလာခဲ့သည်။

"ငါ သူ့ကို နင် မနက်ဖြန် အားလပ်ရက်ရတဲ့အကြောင်း ဘာဖြစ်လို့ ပြောခဲ့တာလို့ ထင်လဲ။ သူ မနက်ဖြန်ကျ နင့်ကို လာခေါ်တဲ့အခါကျရင် နင် ဒီအကြောင်းကို လေးလေးနက်နက် စဥ်းစားကြည့်သင့်တယ်။ သူ နင့်ကို လာမခေါ်ဘူးဆိုရင် သူက အရမ်းပိန်းလွန်းပြီးတော့ နင်တို့ရဲ့ဆက်ဆံရေးကို သူ့ဦး‌လေးကို အသိပေးထားရဲ့လား‌တောင် မသေချာဘူး။" လင်းချင်းဟယ်က သူမ ပြောစရာရှိတာ ပြောပြီးနောက် ပြန်သွားခဲ့သည်။

လင်းချင်းဟယ်သည် ညဖက်အိပ်ရာဝင်သောအခါတွင် ကျိုးချင်းပိုင်အား စုတာ့လင်းအကြောင်းကို ပြောပြခဲ့သည်။

"တော်‌တော်အဆင်ပြေတဲ့ ကောင်လေးပဲ။ ရှင့်ထက် ၇လက်မလောက် အရပ်ပုတယ်။" ကျိုးချင်းပိုင်ရဲ့ အရပ်ဟာ ၆ပေ ၁လက်မနီးပါးရှိပြီး အစာရေစာရှားပါးသော ဒီခေတ်တွင် ရှားပါးလှသည့် အရပ်မျိုးဖြစ်သည်။

"သူ့မျက်နှာအသွင်အပြင်က တော်တော်လေး ကြည့်ကောင်းတယ်။ နှာတံမြင့်မြင့်နဲ့ အနည်းငယ်နုံအတဲ့ပေါ်တယ်၊ သူ့မျက်လုံးတွေကတော့ ပုံမှန်မြင်နေကြ အဖြူအမည်းမျက်လုံးတွေနဲ့ ကွဲပြားခြားနားတယ်။ ကြည်လင်ပြီး မရိုးမဖြောင့်ဟန်မရှိဘူး။" လင်းချင်းဟယ်က ဆက်ပြောသည်။

ကျိုးရှောင်မိန်အနားမှာ သူမသာ ရှိနေရင် သူမရဲ့မျက်နှာကြောင့် အခြားလူငယ်တွေက ကျိုးရှောင်မိန်ကို မမြင်နိုင်ကြဘူး။ ဒါပေမယ့် စုတာ့လင်းကတော့ သူ့မျက်လုံးထဲတွင် သူမရဲ့ တည်ရှိမှုကို မမြင်နိုင်ခဲ့ဘူး။ သူ့မျက်လုံးထဲတွင် ကျိုးရှောင်မိန်တစ်ဦးတည်းသာ ရှိနေခဲ့သည်။

"သူက နည်းနည်းတော့ စကားထစ်ပေမယ့် ဒါက နေထိုင်မှုဘဝအတွက် အရမ်း အရေးမကြီးပါဘူး။ အနာဂတ်မှာ သူတို့ ရန်ဖြစ်ရင်တော့ ရှောင်မိန် ဆယ်ခွန်းပြောမှ သူ တစ်ခွန်းလောက်ပဲ ပြောနိုင်လိမ့်မယ်။ ကျွန်မကို ရှောင်မိန်က သူ့အိမ်အခြေအနေကလည်း အဆင်ပြေတယ်လို့ ပြောတယ်။ သူ့အိမ်က လေးဆယ်စတုရန်းမီတာခန့် ရှိတယ်လို့ ကြားရတယ်။" ကျိုးရှောင်မိန်က ပြောသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now