အခန်း (၁၉၀) – မြန်မြန် အိမ်ပြောင်းနိုင်လေ၊ ပိုကောင်းလေပဲ
သမီးလေးယောက်ကို အိမ်ထောင်ချပေးပြီးသည့် အမျိုးသမီးချိုင်သည် အမေကျိုးရဲ့ ဆိုလိုရင်းကို သဘာဝကျကျ နားလည်သဘောပေါက်သည်။
သူမ သမီးလေးက အိမ်ထောင်ပြုဖို့ သင့်တော်တဲ့ အရွယ် ရှိပြီ ဖြစ်သည်။ အမျိုးသမီးချိုင်သည် ဒီအငယ်ဆုံးသမီးလေးကို လက်ထပ်ပြီး အဝေးကို လွှတ်ဖို့ မလိုလားပေ။ ထို့ကြောင့် သူမသည် သူမတို့ရွာရှိ လူတိုင်းကို ပြောစရာ မလိုအောင် သေချာစစ်ဆေးကြည့်ခဲ့သည်။
ကျိုးတုန်းသည် အမျိုးသမီးချိုင်ရဲ့ သမက်လောင်း ရွေးချယ်ခံစာရင်းတွင် ပါဝင်ခဲ့သည်။
အမေကျိုးက အရိပ်အမြွတ်ပြောဆိုနေတာကို ရပ်တန့်လိုက်သည်။ ဒါကို ရည်ညွှန်းပြောဆိုပြီးနောက် သူမသည် အခြားသော အတင်းအဖျင်းများကို ပြောင်းလဲပြောဆိုခဲ့သည်။ နောက်တော့ သူမ အိမ်ပြန်လာခဲ့သည်။
အမျိုးသမီးချိုင်က ဒီအကြောင်ကို သူ့ခင်ပွန်းထံ ဖောက်သည်ချသည်။
"ရှင် ပြောကြည့်၊ အမျိုးသမီးကျိုးရဲ့ ဒီအကြောင်းကို ဘာလို့ လာပြောတာ ဖြစ်မလဲ။" အမျိုးသမီးချိုင်က မေးသည်။
"ကျိုးတုန်းက ကျိုးချင်းပိုင်တို့ မိသားစုနဲ့ ဆက်ဆံရေး ကောင်းတယ်။ အဲ့ဒီဖက်က ကျိုးတုန်းကို ကူညီပေးတာ ဖြစ်နိုင်တယ်။ ငါတို့သမီးက ကျိုးတုန်းနဲ့ လက်ထပ်မယ်ဆိုရင် နောင်အနာဂတ်မှာ ကူညီထောက်ပံ့မှုတွေ ရလာလိမ့်မယ်။ ကျိုးတုန်းဆို ပါ့မိန်ကို အနိုင်ကျင့်မှာ စိတ်ပူစရာ မလိုဘူး။ ကိုယ်တော့ ဒါက စိတ်ကူးကောင်းလို့ထင်တယ်။" လူအိုကြီးချိုင်က ပြောသည်။
အမျိုးသမီးချိုင်က ပြုံးရယ်ပြီး "ပါ့မိန်ကို အနိုင်ကျင့်မှာ စိတ်ပူစရာ မလိုဘူးလား။ နောင်အနာဂတ် ကိစ္စဆိုတာ ကျိန်းသေပေါက် ပြောနိုင်ပါ့မလား။ အရံအစီအစဥ်ထားဖို့ရော မလိုလောက်ဘူးလား။"
"ငါတို့အားလုံး တစ်ရွာတည်းမှာ နေတာပဲ။ ဘာကို အရံအစီအစဥ်တွေ လိုအပ်မှာလဲ။ ပါ့မိန်က စိတ်ထားနူးညံ့တယ်။ ကျိုးတုန်းကလည်း လူကောင်းပဲ၊ သူ ပါ့မိန်ကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ ငါတို့ စဥ်းစားလို့ရတယ်။" လူအိုကြီးချိုင်က ပြောသည်။