Chapter-111

4.6K 537 2
                                    

Unicode

အခန်း (၁၁၁) – ဘယ်လိုကောင်းကောင်းစားရမှန်းကို သိကြတာပဲ

"စတုတ္ထလေး မင်း ငှက်ပျောရွက်တွေကို ဘာအတွက် ခုတ်နေတာလဲ။" ငါးရှဥ့်ခြင်းကို ကိုင်ဆောင်လာသော ဒုတိယအစ်ကိုနှင့် တတိယအစ်ကိုတို့က ကျိုးချင်းပိုင်အား မေးမြန်းလိုက်သည်။ ငါးရှဥ့်က သိပ်အများကြီး မရပေမယ့် အနည်းငယ်လောက်တော့ ရရှိပါသည်။ အလုပ်ဆင်းပြီးနောက် သူတို့နှစ်ယောက်သည် မနေ့က ချထားခဲ့သော ငါးရှဥ့်မြှုံးကို သွားစစ်ဆေးကြည့်ခဲ့သည်။

သူတို့ ငါးရှဥ့်အချို့ ရိတ်သိမ်းရရှိခဲ့ကြသည်။

"ချင်းဟယ်က ကိတ်မုန့်လုပ်ပေးမယ် ပြောလို့လေ။" ကျိုးချင်းပိုင် ပြောသည်။

"အိုး... စတုတ္ထလေး၊ မင်းက ကောင်းကောင်း နေထိုင်နေရတာပဲ။" ဒုတိယအစ်ကိုသည် ကျိုးချင်းပိုင်ကို မနာလိုမဖြစ်ပဲ မနေနိုင်တော့ပေ။

ကိတ်မုန့်လား၊ သူလည်း အဲ့တာကို စားချင်တယ်။

ကျိုးချင်းပိုင်ရဲ့ ပါးစပ်ထောင့်စွန်းများက အနည်းငယ် ပင့်တက်လာခဲ့သည်။ "ဒုတိယအစ်ကိုလည်း စားချင်တယ်ဆိုရင် ဒုတိယမရီးကို အစ်ကို့အတွက် လုပ်ပေးဖို့ ပြောလိုက်လေ။"

"မင်းရဲ့ ဒုတိယမရီးက ခြိုးခြိုးခြံခြံ နေထိုင်တာ ဆိုတော့ သူမက ဘယ်လိုလုပ်ပြီး ဒီလိုမျိုး ပြုလုပ်ပေးဖို့ ဆန္ဒရှိနိုင်မှာလဲ။" ဒုတိယအစ်ကိုက တုံ့ပြန်ပြောဆိုသည်။

"ဘဝမှာ နည်းနည်းလောက် ပိုခြိုးခြံချွေတာ,တာ ပိုကောင်းပါတယ်။" တတိယအစ်ကိုက အစားဝင်ပြောပေးသည်။

"ဒါက ကိတ်မုန့်နည်းနည်းလေးပါပဲ။" ကျိုးချင်းပိုင်က ဒါကို သိပ်ပြီး စိတ်ထဲမထားပေ။

သူ့မိသားစု ကိတ်မုန့်စားဖို့ မတတ်နိုင်တာမျိုးကို သူ မနှစ်သက်ဘူး။ နောက်ပြီး သူလည်း စားချင်တယ်။ သူ့ဇနီးသည်ရဲ့ အချက်အပြုတ်လက်ရာက အလွန်ကောင်းမွန်ပြီး သူမ ချက်ပြုတ်သော အစားအသောက်များသည် မည်သည့်အခါမှ မဆိုးဝါးပေ။

ထို့နောက် သူက သူ့အစ်ကိုကြီးနှစ်ယောက်နှင့် လမ်းခွဲထွက်ခွာလာခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now