Unicode
အခန်း (၁၃၆) – လင်မယားနှစ်ယောက်အတူ မြို့ပေါ်မှာ စျေးသွားဝယ်မယ်
အသင်းတွေရဲ့ အထွက်နှုန်းတိုးတက်မှု အကဲဖြတ်ခြင်းသည် နှစ်စဥ်နှစ်တိုင်း ကျင်းပသော ပွဲတစ်ခု ဖြစ်သည်။
မြို့မှာ လူထုတွေ့ဆုံပွဲ သွားရောက်ရသည်။
အကောင်းဆုံး အဆင့်သတ်မှတ်ချက် ရရှိထားရင် သဘာဝအတိုင်း မျက်နှာပွင့်လန်းစေသည်။
သို့သော် လင်းချင်းဟယ်သည် လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အထွက်နှုန်းတွေနှင့် ယခုနှစ်ရဲ့ အထွက်နှုန်းကို တွက်ချက်ကြည့်လျှင် ဒီနှစ် အသင်းရဲ့ အထွက်နှုန်းသည် အထူးကောင်းမွန်ခဲ့သည်။ အထူးသဖြင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း သူတို့ရဲ့ အထွက်နှုန်းသည် အခြေခံလောက်သာ ရရှိခဲ့သည်။
စုပေါင်းရိတ်သိမ်းမှုအတွက် ဂုဏ်ယူဝံ့ကြွားမှု မရှိသည့် လင်းချင်းဟယ်သည် ဒါကို သိပ်ဂရုမစိုက်ပေ။ သူမက ရိုးရှင်းစွာ မေးမြန်းခဲ့သည်၊ "ဒီနှစ် ကျွန်မတို့ဝက်တွေ ထပ်ပေါ်(သတ်)ဦးမှာလား။"
"မပေါ်(သတ်)ဘူး။" ကျိုးချင်းပိုင်က ခေါင်းခါလိုက်သည်။
လင်းချင်းဟယ်က သူ့ကို တစ်ယောက်တည်း ထားခဲ့သည်။
အမှန်တိုင်းပြောရရင်၊ ဘာအကျိုးမှ မရရှိဘူး ဆိုတော့ တခြားဘာပြောစရာ ရှိဦးမှာလဲ။
ကျိုးချင်းပိုင်သည် သူမကို ဤကဲ့သို့ မြင်ရသည့်အတွက် ကူကယ်ရာမဲ့သလို ခံစားခဲ့ရပြီး ထိုဂုဏ်ကျက်သရေအကြောင်းကို ပြောပြရန် စီစဥ်ခဲ့သည်။
"ကျွန်မ သိပါတယ်၊။ ဒါက ဂုဏ်ယူစရာတစ်ခုမှန်းကို ကျွန်မ သိတာပေါ့။ ကျွန်မတို့ရဲ့ရွာက အဆင့်သတ်မှတ်ချက်ကောင်း ရရှိတော့ ရွာက အမျိုးသားတွေနဲ့ အမျိုးသမီးလေးတွေ အိမ်ထောင်ဖက်ရှာဖွေတဲ့အခါမျိုး ဘယ်နေရာကိုသွားသွား သူတို့ မျက်နှာပန်းလှသလို ခံစားရလိမ့်မယ်။ ကျွန်မ ဒါကို နားလည်ပါတယ်။" လင်းချင်းဟယ်က ဒီနေ့ ညစာအတွက် ဖက်ထုပ်ထုပ်ရန် စီစဥ်ထားသည့်အတိုင်း မုန့်ညက်ကို နှပ်ထားလိုက်သည်။ သူမက ပါးစပ်လှုပ်ကာ တုံ့ပြန်လိုက်သည်။