Chapter-193

3.1K 330 2
                                    

အခန်း (၁၉၃) – အကျင့်စာရိတ္တပျက်ယွင်းသူလို့ ဆိုနိုင်ပေသည်

"စွပ်ပြုတ် များများသောက်" လင်းချင်းဟယ်သည် အိုးထဲရှိ လက်ကျန်ဟင်းရည်များကို ကျိုးချင်းပိုင်ရဲ့ ပန်းကန်လုံးထဲ လောင်းထည့်ပေးပြီး တိုက်တွန်းလိုက်သည်။

"အမေ၊ သားအတွက်ကရော..." လောင်တက မေးသည်။

"နင် နှစ်ပန်းကန်တောင် သောက်ပြီးပြီမို့ မင်း ဗိုက်မဆာလောက်တော့ပါဘူး။" လင်းချင်းဟယ်က ငြင်းလိုက်သည်။

လောင်အာ့နှင့် လောင်စန်းတို့ရဲ့ မျက်နှာတွင် 'ကျွန်တော်တို့ ဒါကို ကြိုသိပြီးသား' ဟူသော အမူအရာ ရှိနေလေသည်။

ဟုတ်တယ်၊ လောင်စန်းလေးတောင် ဒါကို သိနေပြီ။ သူတို့မိခင်က သူတို့ဖခင်ကို ပိုပြီး မျက်နှာသာပေးတဲ့ အပြုအမူနဲ့ သူတို့ ကျင့်သားရနေခဲ့ပြီ။

ကျိုးချင်းပိုင်ရဲ့ မျက်နှာတွင် မည်သည့် အမူအရာကိုမျှ မပြသသော်လည်း လက်ကျန်ဟင်းရည်ကို စိတ်အေးသက်သာစွာ သောက်နေတာကို တွေ့နိုင်သည်။

"သွား အနားယူတော့။ လောင်အာ့၊ ဒီနေ့ မင်း ပန်းကန်ဆေးဖို့ အလှည့်ကျတယ်" လောင်အာ့က ဒီနေ့ ပန်းကန်ဆေးဖို့ အလှည့်ကျသည်မို့ လင်းချင်းဟယ်က သူ့သားကို အမိန့်ပေးသည်။

လောင်အာ့က ပန်းကန်တွေကို ဆေးကြောပြီးနောက် ရေသုတ်ခဲ့သည်။

မနှစ်ကတည်းက သူက သူ့အစ်ကိုကြီးနှင့် ပန်းကန်ဆေး ရာထူးကို စတင် ဝေမျှ ယူခဲ့ရပြီ ဖြစ်သည်။

လောင်စန်းသည်လည်း လာမည့်နှစ်ကျရင် သူတို့ရဲ့ ပန်းကန်ဆေးတပ်ဖွဲ့ထဲသို့ ဝင်ရောက်လာရလိမ့်မည် ဖြစ်သည်။

လင်းချင်းဟယ်က သူ့သားတွေကို အပြင်ဖက် လွှတ်လိုက်ပြီး သူမကတော့ ကျိုးချင်းပိုင်နှင့်အတူ အနားယူဖို့ အခန်းထဲ ပြန်သွားခဲ့သည်။

မိုးက ၇ ရက်၊ ၈ ရက်ကြာ ရွာသွန်းပြီးနောက် ရပ်တန့်သွားသည်။ အပြင်ဖက်လမ်းတွေက သွားရတာ သိပ်မကောင်းဘူး။ လင်းချင်းဟယ်သည် ဒီအချိန်ကာလတွင် သူမရဲ့ သင်ခန်းစာတွေကို စတင်ပို့ချခဲ့ရသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Hikayelerin yaşadığı yer. Şimdi keşfedin