Chapter-166

3.7K 366 0
                                    

အခန်း (၁၆၆) - မိုးရွာသောနေ့ရက်များ

စတုတ္ထချွေးမသည် သူမ( အမေကျိုး )၏သားအငယ်ဆုံးအကြောင်း ပြောလိုက်သည့်အခါတိုင်း သူမ၏မျက်နှာက တောက်ပနေသည်ကို အမေကျိုး ခံစားမိလိုက်သည်။

ဒါ့အပြင် စတုတ္ထ၏ဇနီး အခု ပိုကောင်းလာရသည့်အကြောင်းရင်းက ပြန်လာပြီးနောက် သူမသားငယ်က ထိန်းကွပ်ပေးခဲ့လို့ မဟုတ်ပေဘူးလား။

သူမသည် အမှန်တကယ်ပင် ထိန်းမရနိုင်အောင် ဖြစ်ခဲ့သည်။

ဒါပေမယ့် အဲဒါအားလုံး အတိတ် ဖြစ်သွားပြီ နောက်ထပ် ပြောစရာမလိုတော့ဘူး။ အနာဂါတ်မှာ ပိုကောင်းအောင် ပြောင်းလဲလျှင်ပင် လုံလောက်နေပါပြီ။

သို့တိုင် အမေကျိုးသည် စတုတ္ထ၏ဇနီးရဲ့အခြေအနေမှ မိသားစုတစ်ခုအတွက် ယောကျ်ားတစ်ယောက်၏ အရေးပါမှုကို သိမြင်ခဲ့သည်။

ချင်းပိုင် ပြန်လာပြီးနောက် ဘာမှမလုပ်သော်လည်း သူသည် သူ့ဇနီးကို ပြောင်းလဲနိုင်ခဲ့သည်။ ယခုဆိုလျှင် သူသည် သူ့ဇနီးကို ပိုကောင်းသည်ထက်ကောင်းအောင် ပြုလုပ်ခဲ့ပြီး သက်ကြီးဝါကြီးနှစ်ဦးကိုလည်း ရာနှုန်းပြည့် ရိုသေကိုင်းရှိုှုင်းသူ ဖြစ်လာစေခဲ့သည်။

ညဘက်တွင် သူတို့သည် ခေါက်ဆွဲကို ကြက်ဥနှင့် ပဲပိစပ်အနှစ်ရောကာ စားကြမည်။

လင်းချင်းဟယ်သည် သူမ၏ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း လုပ်ဆောင်ခဲ့သည်။ ပန်းကန်လုံးတစ်ဝက်လောက်သာ စားပြီး ကျိုးချင်းပိုင်နှင့် အဖေကျိုးတို့ နှစ်ယောက်လုံးအတွက် ခေါက်ဆွဲပန်းကန်လုံးကြီး တစ်ပန်းကန်စီ ပြင်ဆင်ပေးခဲ့သည်။

"လောင်တရဲ့အမေက စားတာ အရမ်းနည်းတယ်။" ညစာစားနေစဉ် အမေကျိုးက မှတ်ချက်ပေးသည်။

"မဟုတ်ပါဘူး။ ကျွန်မက ဒီလောက်ပဲ စားနိုင်တာ။" လင်းချင်းဟယ်က စိတ်အနှောင့်အယှက် မဖြစ်ပါဘူး။

အစားစားတိုင်း သူမသည် ၆၀ ရာနှုန်းလောက်သာ ပြည့်ဝအောင် စားသည်။ သူမသည် ကြီးလေးသော အလုပ်များကို လုပ်စရာမလိုသောကြောင့် အစာချေဖျက်နှုန်းက မြန်ဆန်မည် မဟုတ်ပေ။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now