Chapter-154

3.9K 410 0
                                    

Unicode

အခန်း (၁၅၄) - လမုန့်

"အမေ၊ အမေ သားကို တောင်းပန်နေတာလား။" လောင်စန်းက သူ့မိခင်ကို ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။

"အမေ အမှား လုပ်မိရင်၊ အမေလည်း သေချာပေါက် တောင်းပန်ဖို့ လိုအပ်တယ်။ အရွယ်ရောက်ပြီး လူကြီးဖြစ်ဖြစ် ကလေးဖြစ်ဖြစ် အမှား လုပ်ထားရင် တောင်းပန်ရမှာပဲ။ အမှားလုပ်ထားမိသရွေ့ ကိုယ့်အမှားကို ကိုယ် ဝန်ခံရဲတဲ့ သတ္တိရှိရမယ်၊ တောင်းပန်တတ်ရမယ်။" လင်းချင်းဟယ်က ခေါင်းညိတ်လိုက်ပါသည်။

"ဒါဆိုရင်လည်း သား အမေ့ကို ခွင့်လွှတ်ပါတယ်။" လောင်စန်းလေးက သူ့မိခင်ကို တောက်ပတဲ့ မျက်ဝန်းလေးတွေဖြင့် ကြည့်ကာ စကားဆိုလိုက်သည်။

"ဒါဆို ကျေးဇူးပါ၊ လောင်စန်းလေး။" လင်းချင်းဟယ်က သူ့ကိုကြည့်ကာ "သား နွားနို့ သောက်ရတာ မကြိုက်ဘူးဆိုရင် မသောက်နဲ့တော့။" လို့ ပြောလိုက်သည်။

"တကယ်လား။" လောင်စန်းလေးရဲ့ မျက်လုံးတွေက တောက်ပသွားသည်။

"တကယ်ပေါ့။" လင်းချင်းဟယ်က အတည်ပြုပေးသည်။

"သား နွားနို့ မသောက်ချင်ပေမယ့် သား နွားနို့မန်ထိုကိုတော့ စားချင်တယ်။" လောင်စန်းက သူ့မိခင်ကို ကြည့်ရင်း ပြောလာသည်။

"ရတယ်" လင်းချင်းဟယ်က နွားနို့မန်ထိုကို သူ့ကို ပညာပေးဖို့ တမင်တကာ ပြုလုပ်ခဲ့တာဖြစ်ပြီး သူက တကယ်ပဲ နွားနို့မန်ထိုကို လိုချင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

လောင်စန်းတစ်ယောက် ဝမ်းသာရွှင်မြူးသွားသည်။

သူက သူ့မိခင်နား တစ်နေကုန် ကပ်နေခဲ့ပြီး အပြင်ကိုတောင် ထွက်မကစားဘူး။

နောက်နေ့မနက်မှာတော့ လင်းချင်းဟယ်က နွားနို့ကျိုပြီးနောက် တစ်စုံတစ်ယောက်ရဲ့ ဝေစုထဲ သကြားနည်းနည်း ထည့်ပေးလိုက်သည်။

"အမေ၊ အမေပြောတော့ သားကို အတင်းမတိုက်ဘူးဆို။" လောင်စန်းလေးက သူ့ရှေ့မှ နွားနို့ကို ခါးသီးစွာ စိုက်ကြည့်ပြီး သူ့မိခင်ကိုပါ စူးစူးဝါးဝါး ကြည့်လိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now