Chapter-119

4.3K 445 5
                                    

Unicode

အခန်း (၁၁၉) - ကလေးလေး စုချန်

ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ရဲ့ သားဖြစ်သူ နာမည်သည် စုချန်လို့ မှည့်ခေါ်ခဲ့သည်။

ကလေးလေး စုချန်သည် အံ့သြဖွယ်ကောင်းလောက်အောင် အထွားမြန်သည်။ သူလေးသည် ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့ရဲ့ ကြည့်ကောင်းသော ရုပ်ဆင်းသွင်ပြင်ကို အမွေဆက်ခံထားပြီး ချစ်စရာကောင်းလှသည်။

သူလေး အရမ်းချစ်စရာကောင်းလွန်းသဖြင့် လောင်တ၊ ‌လောင်အာ့နှင့် လောင်စန်းတို့က မကြာမကြာ သူလေးဆီကို သွားရောက်လည်ပတ်ကြသည်။

လင်းချင်းဟယ်သည်လည်း အမေကျိုးကို အရေးကြီးကိစ္စရှိလျှင် သူမဆီကို ကလေးလေးကို ပို့ထားနိုင်ပြီး ကလေးကို ကူညီထိန်းကျောင်းပေးမယ်လို့ ပြောထားခဲ့သည်။

ထို့နောက် လင်းချင်းဟယ်သည် တတိယမရီးနှင့် စကားစမြည် ပြောဆိုဖို့ သွားရောက်လည်ပတ်ခဲ့သည်။

"ဒီနေ့ ဘာဖြစ်နေတာလဲ။ အဲ့ဒီဖက်က ဘာလို့ လှုပ်လှုပ်ရှားရှား မလုပ်တာလဲ။" လင်းချင်းဟယ်သည် ဒုတိယမရီးတို့ နေထိုင်သည့် အိမ်ခန်းဖက်သို့ မေးထိုးကာ တတိယမရီးအား မေးမြန်းကြည့်သည်။

တတိယမရီးက "မနေ့က ယောင်းမလေးတို့ ဇနီးမောင်နှံ အိမ်ပြန်ရောက်တော့ ငါ့အတွက်ကျ လက်ဆောင်ပစ္စည်း ပါလာပြီး သူ့အတွက်ကျ လက်ဆောင်ပစ္စည်း မပါလာတော့ ဆူပူသောင်းကျန်းတယ်လေ။ ဝူနီ့ရဲ့ဦးလေးကလည်း သည်းမခံနိုင်တော့တာနဲ့ သူမကို ပြန်ပြောခဲ့တယ်။ ဒီနေ့ မနက်စောစောစီးစီး သူမ ပစ္စည်းတွေကို ထုပ်ပိုးပြီး သူမ မိခင်ဖက်အိမ်ဆီကို ဆင်းသွားတော့တာပဲ။" ဟု ငေါ့တော့တော့ ပြောလိုက်သည်။

"ဒီကိစ္စလေးနဲ့ သူမက ချန်အိမ်ဟောင်းကို ပြန်သွားခဲ့တာပေါ့။ ငါတော့ ဘာပြောရမှန်းတောင် မသိတော့ဘူး။" လင်းချင်းဟယ်သည် အံ့အားသင့်နေသည့်အသွင်ဖြင့် ပြောခဲ့သည်။

"သူမက ကျိုးအိမ်ဟောင်းကပဲ သူမကို အနိုင်ကျင့်နေသလို ပြုမူလိုက်တာပဲ။" တတိယမရီးက အထင်အမြင်သေးသလို ပြောလိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now