Unicode
အခန်း(၉) - မုန်းစရာကောင်းသောစကားပြောသံ
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)လင်းချင်းဟယ်သည် ကျိုးစန်းအာကို ချီလာခဲ့သည်။ ကျိုးလောင်တနှင့် ကျိုးလောင်အာ့တို့သည် အသားဆန်ပြုတ်ကို စားချင်နေသောကြောင့် သူတို့တစ်ယောက်မှ သွားမခေါ်ချင်ကြပေ။ သို့သော် လင်းချင်းဟယ်က သူတို့နှစ်ယောက်စလုံးကို သွားခေါ်ခိုင်းလိုက်သည်။ “သွား... မင်းတို့အဖွားကို သွားခေါ်ကြ။”
“အဖွားကို အသားဆန်ပြုတ်သောက်ဖို့ သွားခေါ်ရမှာလား။’ လို့ ကျိုးလောင်အာ့က မေးလိုက်သည်။
“မင်းတို့အဖွားက မင်းတို့ကို ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံလေ့ရှိတယ်လေ။ ဒါ့ကြောင့် သူမကို အသားဆန်ပြုတ်သောက်ဖို့ ခေါ်သင့်တာပေါ့။ ရိုသေကိုင်းရှိုင်းမှုက အကျင့်သီလအားလုံးရဲ့ အခြေခံပဲ။ မင်း လူကြီးသူမတွေကို ဂါရဝတရားရှိဖို့ လိုတယ်။ နားလည်လား။” လင်းချင်းဟယ်က ရှင်းပြခဲ့သည်။
“မေမေ မေမေကရော အဖွားကို အမြဲတမ်း ရိုသေကိုင်းရှိုင်းနေတာ မဟုတ်ဘူးလေ။” ကျိုးလောင်အာ့က မျက်တောင်လေး ပေကလတ် ပေကလတ်လုပ်ပြသည်။
လင်းချင်းဟယ်ဟာ ပြောစရာစကားကင်းမဲ့သွားတာကြောင့် ဒေါသထွက်ဟန်ဆောင်ကာ “မင်း မသွားသေးဘူးလား။ မင်းအဖွားကို သွားမခေါ်ဘူးဆိုရင် မင်းတို့အားလုံး ထမင်းစားရမှာမဟုတ်ဘူး။”
“ကျွန်တော် အခုပဲ အဖွားကို သွားခေါ်လိုက်ပါ့မယ်။” ကျိုးလောင်တက ပြောလိုက်သည်။
သူကပြောပြီးတာနဲ့ တံခါးကိုတွန်းဖွင့်ပြီး ပြေးထွက်သွားခဲ့သည်။ လင်းချင်းဟယ်သည် ကျိုးလောင်အာ့ကို ကြည့်လိုက်သည်။ ကျိုးလောင်အာ့က “အစ်ကို သွားနှင့်ပြီလေ။” လို့ အဖြေပြန်ပေးခဲ့သည်။
ဆိုလိုတာက တစ်ယောက်သွားရင် လုံလောက်တယ်။ သူ သွားစရာ မလိုအပ်တော့ဘူး။
လင်းချင်းဟယ်သည် သူ့ကို အဖက်လုပ်ပြီး စကားပြန်မပြောတော့ဘူး။ “မေမေ သား အရင်ဆုံးစားချင်တယ်။ သား ဗိုက်ဆာနေပြီ။” ကျိုးလောင်အာ့က ပြောလိုက်သည်။