Chapter-167

3.5K 374 0
                                    

အခန်း (၁၆၇) - စာသင်ပေးချင်တယ်

မိုးသည်းထန်စွာ ရွာသွန်းနေသဖြင့် သူမသည် အဖေကျိုးနှင့် အမေကျိုးတို့ကို ထမင်းလာစားရန် မခေါ်လိုက်ပေ။ လင်းချင်းဟယ်သည် ထမင်းဟင်းများကို ထမင်းဗူးထဲ ထည့်ပြီး လောင်တကို သွားပို့ခိုင်းလိုက်သည်။

မကြာခင်မှာပဲ မိသားစုတွေ အိပ်ရာထ၊ သွားတိုက်ပြီး မနက်စာစားကြသည်။

မနက်စာ စားပြီးနောက် ကျိုးချင်းပိုင်သည် မိုးကာအင်္ကျီကို ဝတ်ကာ ဝက်နှင့်ကြက်များကို အစာကျွေးရန် အိမ်နောက်ဖေးသို့ သွားလိုက်သည်။ ထို့နောက် သူသည် ပေါက်ပြားတစ်လက်နှင့် ထွက်သွားသည်။ မိုးက တော်တော်ကြီးသည့်အတွက် လယ်ကွင်းထဲကရေတွေ စီးထွက်နိုင်လား မစီးထွက်နိုင်ဘူးလားဆိုတာကို သူ သွားစစ်ဆေးရမည်။

လယ်ကွင်းထဲတွင် အလုပ်လုပ်စရာ မရှိသော်လည်း ဤကဲ့သို့ လယ်ကင်းလှည့်ဖို့ကိုတော့ လိုအပ်သေးသည်။

လင်းချင်းဟယ်သည် ယခုအချိန်တွင် စားသောက်ရန် ရာသီဥတုကို မှီခိုအားထားနေရသော ပြည်သူများ မည်ကဲ့သို့ ပင်ပန်းခက်ခဲစွာ နေရသည်ကို မြည်တမ်းနေခဲ့သည်။

"အဖေက အပင်ပန်းခံရတယ်။" လောင်စန်းကလည်း မှတ်ချက်ပြုသည်။

ဒါက ခက်ခဲကြမ်းတမ်းသည်။ ဒီလိုမိုးသည်းချိန်မှာ အပြင်ထွက်ရသည် မဟုတ်ပါလား။

"ဟုတ်တယ်... နင်တို့တွေ အလုပ်ရရင် ဒီလောက် ပင်ပင်ပန်းပန်း အလုပ်လုပ်စရာ မလိုတော့ဘူး။" လင်းချင်းဟယ်က ပြောသည်။ "လောင်တ... လောင်အာ့... နင်တို့ ဘယ်လိုထင်လဲ။"

လောင်တနှင့် လောင်အာ့ နှစ်ယောက်လုံးက သဘောတူကြသည်။ ထို့နောက် ညီအစ်ကိုနှစ်ယောက်သည် စာလေ့လာရန် ပြင်ဆင်လိုက်ကြသည်။

လင်းချင်းဟယ်သည် မပြီးသေးသော အဝတ်အထည်များကို ဆက်လက်ချုပ်လုပ်နေသည်။

မကြာမီ ကျိုးချင်းပိုင်သည် ပြန်ရောက်လာသည်။ ဘာပြဿနာမှ ကြီးကြီးမားမား မရှိခဲ့ပါဘူး။ နောက်ပြီး ဒီရက်ပိုင်းအတွင်း မိုးရွာမယ်ဆိုတာ သိထားသဖြင့် သီးနှံများကို ရေလောင်းစရာ မလိုတော့ပေ။ ထို့ကြောင့် လုပ်စရာအများကြီး မရှိပါဘူး။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now