Chapter-52

6.2K 769 6
                                    

Unicode

အခန်း(၅၂) - သိုးသားဘယ်ရီဟင်းချို
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

" ဘယ်သူမှ ဒါကို ငြင်းမှာ မဟုတ်ဘူး။ မနေ့ညနေက သူမ ပြန်ရောက်လာပြီး ဒီလိုတွေ ပြောနေတယ် " အကြီးဆုံးမရီးက နှုတ်ခမ်းတလှုပ်လှုပ်ဖြင့် ပြောသည်။

" သူမနဲ့ ရန်ဖြစ်မနေပါနဲ့။ အစ်မက ကိုယ်ဝန်ဆောင်ထားတာ ကိုယ့်ကိုယ်ကို ဒေါသထွက်ရအောင် မလုပ်ပါနဲ့ " လင်းချင်းဟယ်က ချော့လိုက်သည်။

သူမ(လင်းချင်းဟယ်)က သူမကို နှစ်သိမ့်ပေးသောအခါ အကြီးဆုံးမရီးသည် အပြုံးတစ်ပွင့် ပန်ဆင်လိုက်ပြီး " ငါ့ရင်ဘတ်ထဲ မသိမ်းထားပါဘူး "
ထို့နောက် သူမလက်ထဲရှိ အထည်စများကို ကြည့်ပြီး ထောက်ပြသည်။ " စတုတ္ထမတ်လေးအတွက် ဆောင်းရာသီ အတွင်းဝတ် နောက်တစ်ထည် ပြုလုပ်ပြီးရင် လက်ကျန်အစက သူ့အတွက် နွေရာသီဝတ် နှစ်စုံ လုပ်ပေးဖို့ လုံလောက်မယ်လို့ ငါ ထင်တယ် "

" နွေရာသီဝတ် တစ်စုံစာဆို လုံလောက်ပြီ။ ကျန်တာတွေက ကောင်လေးသုံးယောက်အတွက်ပဲ။ သူတို့မှာ ဝတ်စရာမရှိဘူး " လင်းချင်းဟယ်က ပြန်ဖြေသည်။

ကျိုးချင်းပိုင်သည် အဝတ်အစားများစွာကို ပြန်မယူလာခဲ့သော်လည်း နှစ်စုံတော့ ရှိသည်။ လင်းချင်းဟယ်၏ အမြင်အရတော့ သူ ဝတ်ဖို့ မလုံလောက်ဘူး။ ဒီခေတ်ရဲ့ အမြင်မှာတော့ ဒါက သေချာပေါက် လုံလောက်နေပြီ။ ဒါပေမယ့် အပို တစ်စုံ လုပ်ပေးလိုက်တာတော့ မဆိုးပါဘူး။

ကောင်လေးသုံးယောက်ကတော့ သေချာပေါက် လိုအပ်သည်။

လင်းချင်းဟယ်သည် အပ်ချုပ်စက်ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ပြီ ဖြစ်သောကြောင့် သူမ၏ အရှိန်သည် ယခုအခါတွင် အလွန်မြန်ဆန်နေပြီ ဖြစ်သည်။ ထို့အပြင် သူမသည် ဒုတိယမရီး၏မျက်နှာကို မြင်လိုက်ရသည့်အတွက် စိတ်တိုနေသည်။ ထို့ကြောင့် ကျိုးချင်းပိုင်၏ ဒုတိယမြောက် ဆောင်းရာသီဝတ် အဝတ်အစားကို အပြီးသတ်ရန် နှစ်ရက်ခွဲ ကြာမြင့်ခဲ့သည်။

ကျန်တာကတော့ နွေရာသီဝတ်စုံ ဖြစ်သည်။ လင်းချင်းဟယ်သည် အဲဒါတွေကိုလည်း ပြီးစီးအောင်လုပ်ရန် ရက်အနည်းငယ်ကြာ အချိန်ယူခဲ့ရပြီး ဗီရိုထဲမှာ ထည့်ထားလိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now