Chapter-56

6.4K 769 4
                                    

ပုံမှန်လေး ဖတ်ချင်ရင် ဒီPageကို Like and followingလုပ်ထ‌ားပေးနော်။ အဲ့မှာက Plannerနဲ့ တင်ထားတာမို့ အချိန်မှန်တယ်ရှင့် Page linkကြိ နိုနိုရဲ့ conversationမှာ တင်ပေးထားတယ်နော်

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပုံမှန်လေး ဖတ်ချင်ရင် ဒီPageကို Like and followingလုပ်ထ‌ားပေးနော်။ အဲ့မှာက Plannerနဲ့ တင်ထားတာမို့ အချိန်မှန်တယ်ရှင့် Page linkကြိ နိုနိုရဲ့ conversationမှာ တင်ပေးထားတယ်နော်

Unicode

အခန်း(၅၆) - အိမ်စောင့်ရန် ခွေးမွေးခြင်း 
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel

လင်းချင်းဟယ်သည် အစ်မမိန် သဘောမတူမှာကို စိတ်ပူမနေဘူး။ အရောင်းအဝယ်ကိစ္စက အနည်းငယ် အန္တရာယ်များသော်လည်း လက်ရှိလှုပ်ရှားမှုသည် 1960 အစောပိုင်းလောက်ကဲ့သို့တော့  မပြင်းထန်လှဘူး။

ပြီးတော့ အစ်မမိန်က သက်ကြီးရွယ်အိုနှင့် သူတို့တွေကို ဆင်းရဲတွင်းနက်အောင် စားသောက်နိုင်ကြသော ကြီးထွားဆဲ ကလေးများကို ကျွေးမွေးထောက်ပံ့ပေးနေရသည်။ ဤကာလသည် လူလတ်ပိုင်းအရွယ်တို့၏ အကျပ်အတည်းကာလ ဖြစ်သည်။ 

အမှန်တကယ်ပင် အထက်မှာ သက်ကြီးရွယ်အိုရှိပြီး အောက်မှာ ကလေးတွေ ရှိနေသည်။ ဉာဏ်မရှိတဲ့သူ မဟုတ်သရွေ့ စမ်းကြည့်ဖို့ ဆန္ဒရှိကြလိမ့်မည်။ 

လင်မယားနှစ်ယောက်စလုံးက အလုပ်အကိုင် ရှိနေတာကြောင့် သူတို့တွေက ငတုံးတွေ မဟုတ်မှန်း သိသာသည်။ သူမဘက်မှာ ဘာပြဿနာမှ မရှိသရွေ့ အဆင်ပြေသွားလိမ့်မယ်လို့ လင်းချင်းဟယ် မျှော်လင့်မိသည်။ 

သူမလက်ထဲရှိ နေရာလွတ်တစ်ခုဖြင့် ပစ္စည်းတစ်ချို့ကို ဝယ်ရောင်းခြင်းသည် သူမအတွက် ကစားနေရသလိုပင်။

အခု သူမအတွက် တစ်ခုတည်းသော ပြဿနာမှာ သူမသည် အနာဂါတ်တွင် စောစောထရတော့မည် ဖြစ်သည်။ 

စောစောထခြင်းကို ကျိုးချင်းပိုင်အား သူမ ဖုံးကွယ်နိုင်ပါ့မလား။ သူမ ဒီကိစ္စကို ဖုံးကွယ်လို့ မရနိုင်ဘူးလို့ လင်းချင်းဟယ် ခံစားရသည်။ သူရဲ့ အကျင့်စရိုက်အရတော့ သူမကို မလုပ်ခိုင်းဖို့ ဖြစ်နိုင်ချေ ပိုများသည်။ 

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now