Unicode
အခန်း(၂၈) - ဆောင်းရာသီအတွက် ထင်းများသိုလှောင်ခြင်းနှင့် ကျန်ရှိနေသောထင်းများအား လုံခြုံစွာ သိမ်းဆည်းခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)သို့သော်လည်း ကျောက်မီးသွေးမီးဖိုနှင့် ကျောက်မီးသွေးအပြင် အိုးအသစ်တစ်လုံးပါရှိကြောင်းကို ဒုတိယမရီးထံမှ အနည်းငယ် ကြားသိခဲ့ရသည်။
လင်းချင်းဟယ်သည် အရင်တုန်းက ဆန်ဝယ်ယူခဲ့ဖူးသော်လည်း ကျင်းအနည်းငယ်သာရှိပြီး အလွန်စျေးကြီးသည်။ အစားအသောက်လက်မှတ်တွေလည်း အများကြီး လိုအပ်သည်။ သို့သော် အဲ့တာကို ဝယ်ယူခဲ့တာ ကြာပြီဆိုတော့ အနည်းငယ်ခန့်သာ ကျန်ရှိနိုင်တော့မည်။
ပြောစရာတောင် မလိုဘူး။ သူမ မနေ့က ခရိုင်မြို့ကိုသွားတုန်းက ဝယ်ခဲ့တာပဲ ဖြစ်မည်။
နှမ်းစေ့တွေကို ဘေးဖယ်ထားပြီး နံရိုးတွေကိုပင် ပြင်ဆင်လိုက်သေးသည်။ ဒါက တော်တော်လေး အရသာရှိမယ့်ပုံပဲ။ သူတို့အဖွဲ့မှာတောင် အသားတွေကို မဝေခြမ်းရသေးဘူး။
သူတို့ နောက်ဆုံးအကြိမ် အသားစားခဲ့ရတာက မနှစ်က ဆောင်းဦးရိတ်သိမ်းချိန်ကပင် ဖြစ်သည်။
ဒီနေရာမှာ အသားကို ဆောင်းဦးရိတ်သိမ်းပြီးချိန်မှာ တစ်ကြိမ်၊ နှစ်သစ်မကူးခင်မှာ တစ်ကြိမ် တစ်နှစ်လျှင် နှစ်ကြိမ် ခွဲဝေပေးသည်။
ပြီးရင် နောက်တစ်နှစ်ကို စောင့်ဆိုင်းရသည်။
ဒါပေမယ့် လင်းချင်းဟယ် ဒီလိုပြုမူနေတာကိုကြည့်လိုက်တာနဲ့တင် ဒါက ချမ်းသာပြီး တစ်ဇွတ်ထိုးလုပ်တာ ထင်ရှားသည်။
“အိမ်မှာ နည်းနည်းရှိသေးတယ်။ ဒါပေမယ့် သိပ်မများဘူး။” ကျိုးလောင်အာ့လေး ပြန်မဖြေခင်မှာ သူ့မျက်လုံးတွေက လှည့်သွားခဲ့သည်။
ငါးနှစ်အရွယ်ကလေးတစ်ယောက်က လိမ်ညာပြောဆိုလိမ့်မယ်လို့ ဘယ်သူမှ သံသယဝင်မှာ မဟုတ်ဘူး။ နောက်တစ်ခုက ဒီလိုဆန်ဝယ်လို့ရဖို့က မလွယ်ကူဘူး။ ရွာသူရွာသားတွေက ဆန်ကိုမစားကြပဲ မြို့ပြနေသူများသာ ဆန်ကိုစားသုံးကြတာဖြစ်သည်။