Chapter-82

5.4K 652 0
                                    

Unicode

အခန်း (၈၂) - အာဟာရပြည့်အောင် စီမံခန့်ခွဲမှု

ကံကောင်းထောက်မစွာဖြင့် အခု သူမမှာ စီးပွားရေးလုပ်ငန်းတစ်ခု ပိုင်ဆိုင်ထားသည်။

အသားကို သုံးရက် တစ်ကြိမ်သာ စုဆောင်းနိုင်သော်လည်း တစ်ကြိမ်လျှင် ဆင့်၇၀ရပြီး တစ်လလျှင် ဆယ်ကြိမ်ဖြစ်သဖြင့် သူမသည် ၇ယွမ်ခန့် စုဆောင်းရရှိနိုင်ပြီး ထိုပမာဏမှာလည်း အတော်လေးများပြားတဲ့ ပမာဏပင်ဖြစ်သည်။

တစ်ခါတလေကျရင် အသားဆယ်ကျင်းနီးပါး စုဆောင်းရရှိနိုင်သည်။

အမြတ်ဝေစုအဖြစ် ၁၀ဆင့်ပေးတဲ့အပြင် လင်းချင်းဟယ်သည် မိန့်ကျဲအား ခရိုင်မြို့ပေါ်မှ အန်တီကြီးများနှင့် လဲလှယ်ထားသော အစားအသောက်လက်မှတ်အချို့ကိုလည်း ပေးခဲ့သေးသည်။

အားလုံးကို ခြုံငုံကြည့်မယ်ဆိုလျှင် သူမ အလုပ်ထွက်လုပ်တုန်းကထက် ပိုဆိုးတာ မရှိပါဘူး။

သို့သော် မိန့်ကျဲရဲ့ အဆက်အသွယ်များကြောင့် ရောင်းလိုအားနှင့် ဝယ်လိုအား သမဝါယမအသင်းတွင် လက်ကျန်ပစ္စည်းများ ဝယ်ယူနိုင်ရန် လင်းချင်းဟယ်အတွက် အလွန်လွယ်ကူနေသေးသည်။

ဥပမာအားဖြင့် အိမ်မှာ ပျားရည် ၃ပုလင်း သိုလှောင်ထားနိုင်ပြီး ထိုပျားရည်များကို မိန့်ကျဲရဲ့ အဆက်အသွယ်များကြောင့် ဝယ်ယူရရှိခဲ့တာ ဖြစ်သည်။

ဒီခေတ်အခါက ပျားရည်များသည် တကယ့်ကို တောရိုင်းပျားရည်စစ်စစ် ဖြစ်သည်။ လင်းချင်းဟယ်သည် မနှစ်ဆောင်းတွင်းတုန်းက ပျားရည် တစ်ပုလင်း ဝယ်ယူခဲ့သည်။

လင်းချင်းဟယ်သည် ဆောင်းရာသီကုန်လွန်သွားခဲ့ပြီး နောက်ပိုင်း သူမသည် နေ့တိုင်း ပျားရည်ကို ရေဖြင့်ဖျော်ပြီး တစ်နေ့ကို တစ်ခွက် သောက်သုံးခဲ့သည်။ လင်းချင်းဟယ်သည် သူမတစ်ဦးတည်းသာ သောက်ခဲ့ပြီး ကလေးတွေက ဒါကို သောက်ဖို့ မလိုအပ်သေးဘူး။

ကျိုးချင်းပိုင်လည်း မသောက်ရပါဘူး၊ အဲ့ဒီအချိန်တုန်းက သူက သူမနှလုံးသားထဲမှာ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ မပါဝင်သေးဘူး။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now