Unicode
အခန်း(၅၅) - ဝက်သားပြန်ရောင်းခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - Snowtowel
" ဒေါ်လေး… မလိုပါဘူး။ လောင်တနဲ့ သူ့ညီတွေ စားဖို့ ထားလိုက်ပါ " ကျိုးရှီးက လျင်မြန်စွာ တုံ့ပြန်လိုက်သည်။
" ဒါက လက်တစ်ဆုပ်စာ ဇီးချိုသီးတွေပါပဲ။ ဘာအတွက် အတင်းငြင်းဆန်နေတာလဲ " လင်းချင်းဟယ်က ပြောသည်။ " ပြီးတော့ မိန်းကလေးတွေက ဇီးချိုသီးကို များများစားပေးရမယ်၊ အဲဒါက ခန္ဓာကိုယ်အတွက် ကောင်းပြီး သွေးကို ပြန်ဖြည့်တင်းပေးတယ် "
ကျိုးရှီးသည် ရှက်ကိုးရှက်ကန်းဖြင့် လက်ခံလိုက်သည်။
ဒီနှစ်မှာ သူမ၏အစ်ကိုကြီးက ၃၄ ယွမ် ဝေစုရသည်။ သူမ၏ဒေါ်လေးရဲ့ ထင်းကနေ ဆယ်ယွမ်နီးပါး ရရှိခဲ့သည်။
ဆယ်ယွမ်ကို လျှော့မတွက်ပါနှင့်။ ၎င်းသည် သူတို့မောင်နှမကို များများစားနိုင်အောင် လုပ်ပေးနိုင်သည်။
" ဒီနှစ်ရက်က အရမ်းအေးတယ် အိမ်မှာ ထင်းတွေကို သိမ်းဆည်းထားမနေနဲ့။ မင်းအစ်ကိုက ဒေါ်လေးအတွက် ထင်းတွေ အများကြီး လာပို့ပေးထားတာ။ နောက်နှစ်အထိတောင် သုံးလို့မကုန်နိုင်ဘူး။ မင်းတို့တွေမှာ ထင်းနည်းသွားရင် ထင်းတစ်ချို့ လာယူလိုက်။ နောက်တစ်ခါ မင်းအစ်ကို အစားပြန်ပေးနိုင်တဲ့အချိန်အထိ စောင့်ကြတာပေါ့ " လင်းချင်းဟယ်က ထုတ်ပြောသည်။
" အိမ်မှာ ထင်း လုံလုံလောက်လောက် ရှိပါတယ် " ကျိုးရှီးက ချက်ချင်း ပြန်ဖြေသည်။
သူတို့မိသားစုရဲ့ ကြိုးပမ်းမှုကြောင့် သူတို့သည် အဖွဲ့ဆီကို သွားပြီး ပြောင်းဖူးရိုး၊ ဂျုံရိုး၊ ဝါဂွမ်းရိုးပြတ်၊ ပဲရိုးတံနှင့် ကန်စွန်းဥပင်ခြောက်တို့ကို ခွဲဝေရယူနိုင်ခဲ့သည်။
မိသားစုထဲတွင် သူတို့ နှစ်ယောက်တည်းပဲ ရှိသည်။ အနွေးကုတင်ကို တစ်နေ့ နှစ်ကြိမ် အပူပေးရင် လုံလောက်နေပြီ။ အဲဒါပြီးတော့ သူမ၏အစ်ကိုကြီး စုဆောင်းထားသော ထင်းများလည်း ရှိနေသေးသည်။
လင်းချင်းဟယ်သည် သူမနှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် ကောင်လေးများကို အိမ်သို့ ပြန်ခေါ်လာခဲ့သည်။