Chapter-65

5.9K 691 2
                                    

Unicode

အခန်း (၆၅) - အငယ်ဆုံးကူကျစ် ပြန်ရောက်လာပြီ
စာရေးသူ: NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ: No Noe (Miracle_Phyu97)

မင်း ကြိုက်တာ ချက် ကျိုးချင်းပိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်က ရိုးရိုးရှင်းရှင်းဟင်းလျာတွေကိုပဲ ချက်ပြုတ်လိုက်သည်။ ပေါက်စီတွေကို ပေါင်းပြီး ပင်လယ်ရေညှိအရိုးစွပ်ပြုတ်ကို ပြင်ဆင်သည်။ ပြောစရာမလိုလောက်အောင်ပင် သူမက ညီအစ်ကိုသုံးယောက်ကို အသားလုံး တစ်ယောက်တစ်လုံးစီ ပေးလိုက်သည်။

အဲ့တာ ညစာအတွက်ပဲ။ ရိုးရှင်းပေမယ့် ဗိုက်ပြည့်စေတယ်။

သူမတို့မိသားစုရဲ့ အစားအသောက်က ဒုတိယနေရာမှာလို့ပြောရင် ရွာမှ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ ပထမနေရာကို ယူဝံ့မှာ မဟုတ်ဘူး။

ကျိုးအိမ်တော်ရဲ့ အငယ်ဆုံး ကူကျစ် ကျိုးရှောင်မိန်သည် ၂၅ရက်နေ့တွင် ဖိနပ်ဖြူတစ်ရံဖြင့် ပြန်ရောက်လာခဲ့သည်။

သူမသည် အိမ်သို့ တန်းတန်းမတ်မတ် ပြန်ရမည့်အစား လင်းချင်းဟယ်ဆီသို့ အရင်ဆုံး ဝင်လာခဲ့သည်။

သူမသည် ခရိုင်မြို့ပေါ်ရှိ စားသောက်ကုန်စက်ရုံတွင် အလုပ်လုပ်နေသော်လည်း သူမရဲ့ စတုတ္ထအစ်ကို အနားယူလိုက်သည့် သတင်းကို ကြားသိနေရဆဲဖြစ်သည်။

သူမ ပြန်လာချင်နေခဲ့တာ ကြာပါပြီ၊ ဒါပေမယ့် နှစ်ကုန်ခါနီးဆိုတော့ စက်ရုံက အလုပ်များနေသောကြောင့် သူမ ပြန်လာဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ခဲ့ဘူး။

ဒ့ါကြောင့် သူမ အားလပ်ရက်ရောက်သည့် အချိန်အထိ သူမကိုယ်သူမ ထိန်းထားရသည်။

အငယ်ဆုံးကူကျစ် ပြန်လာပြီပဲ၊ ဟေး၊ အဲ့ဖိနပ်လေးတွေက အရမ်းလှတာပဲ။ လင်းချင်းဟယ်သည် သူမကို မြင်လိုက်ရချိန်တွင် သူမခြေထောက်မှ ဖိနပ်တွေက သူမရဲ့အမြင်အာရုံကို ဖမ်းစားသွားပြီး အော်ပြောလိုက်မိသည်။

ဒါကို ဟိုင်မြို့ကနေ ဝယ်လာပေးဖို့ ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်ရဲ့ ဆွေမျိုးတစ်ယောက်ကို တောင်းဆိုခဲ့တာလေ။ ကျိုးရှောင်မိန်က ထိုသို့ ပြောရင်း လောင်တတို့ညီအစ်ကိုတွေအား ပထုတ်ရန် လက်တစ်ဆုပ်အပြည့် နို့ချိုချဥ်များကို ပေးလိုက်သည်။ သူမသည် လင်းချင်းဟယ်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now