Chapter-110

4.9K 574 3
                                    

Unicode

အခန်း (၁၁၀) – ကိတ်မုန့်ပေါင်းမယ်
စာရေးသူ: NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ: No Noe (Miracle_Phyu97)

ကျိုးချင်းပိုင်က ဘေးခန်းမှာ အနားယူနေသည့်အချိန်တွင် လင်းချင်းဟယ်က ကလေးတွေအခန်းထဲမှာ ရှိနေခဲ့သည်။

အကယ်၍ သူမသာ သူ့အနားမှာ ရှိနေလျှင် သူက လုံးဝ အနားမယူပဲ သူမကိုသာ ကပ်တွယ်နေလိမ့်မည်။ ဒါ့ကြောင့် သူမက သူ့ကို အနှောင့်အယှက်မလိုသည့်အတွက် ရိုးရိုးရှင်းရှင်းပဲ အခန်းထဲသို့ မဝင်သွားရန် ဆုံးဖြတ်ချက်ချခဲ့သည်။

"ဒီမေးခွန်းကို ဖြေရှင်းထားတာ ကောင်းတယ်။ ဒါပေမယ့် ဒီပြဿနာကို ဖြေရှင်းဖို့ ဒုတိယနည်းလမ်းတစ်ခု ရှိတယ်။" လင်းချင်းဟယ်က မေးခွန်းပေးပြီး လောင်တရဲ့ အိမ်စာတွေကို ထပ်မံစစ်ဆေးခဲ့ပြန်သည်။

"သားကို စဥ်းစားခွင့်ပေးဦး။" ကျိုးလောင်တကို စာအုပ်ကို ပြန်ယူကာ ထိုမေးခွန်းကို ဖြေရှင်းဖို့ ဒုတိယနည်းလမ်းကို စတင်စဥ်းစားအဖြေထုတ်နေခဲ့သည်။

ဒီကလေးက ထက်မြက်တယ်၊ စူးစမ်းလေ့လာတတ်ပြီး အာရုံစိုက်မှု အားကောင်းတယ်လို့ ပြောရမယ်။ ရဲရင့်ပြီး နည်းနည်းလေးမှ မကြောက်တတ်ပေမယ့် ဂရုစိုက်ကောင်းမှန်းသိတဲ့အရာတွေကို ဂရုစိုက်တတ်သည်။

အချိန်အတော်ကြာအောင် စဥ်းစားပြီးနောက် သူက အဖြေရှာနိုင်သွားပြီးနောက် သူ့မိခင်ကို အဖြေပြန်ပြခဲ့သည်။

လင်းချင်းဟယ်က အတော်လေး စိတ်ကျေနပ်သွားပြီး "အခု နေမင်းကြီး ဆိုတဲ့ ခေါင်းစဥ်နဲ့ စာစီစာကုံးတစ်ပုဒ် ရေးရမယ်။" လို့ ပြောလိုက်သည်။

"နေမင်းကြီးလား။" ကျိုးလောင်က ခေတ္တရပ်လိုက်ပြီး နားလည်သဘောပေါက်ဟန် ခေါင်းညိတ်ပြီး "စာလုံးရေ သတ်မှတ်ထားလား" လို့ မေးလိုက်သည်။

"အနည်းဆုံး စာလုံးရေ သုံးရာ ရေးရမယ်၊ ဒါပေမယ့် နင် အဲ့ထက်ပိုရေးနိုင်ရင် ရေးလို့ရတယ်။ မင်း အဲ့ထက်ပိုရေးနိုင်ရင် ငါ မင်းကို ဆုချီးမြှင့်မယ်။" လင်းချင်းဟယ်က သူမမျက်ခုံးကိုပင့်ရင်း စိန်ခေါ်လိုက်သည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now