အခန်း (၁၉၆) – နောက်ထပ် ကလေးတစ်ယောက် ထပ်လိုချင်တယ်
လင်းချင်းဟယ်သည် သူမက အလုပ်ရော အိမ်မှုကိစ္စများကိုပါ စီမံခန့်ခွဲနေရသည့်တိုင် ဆရာမတစ်ယောက် ဖြစ်ရခြင်းက အလွန်ကောင်းတယ်လို့ ခံစားခဲ့ရသည်။
ဆရာမတစ်ယောက် လစာဝင်ငွေက ၁၃ယွမ် ဖြစ်သည်။ ယခုနှစ်ကုန်တွင် အထည်ကူပွန်နှင့် အစားအသောက်ကူပွန်အချို့ကိုပါ ထပ်ဆောင်း ထုတ်ပေးခဲ့သေးသည်။ သူတို့မှာ ဒီကူပွန်တွေ မလိုအပ်ဘူးဆိုရင်တောင် လူတော်တော်များများက ဒါတွေကို လိုချင်လို့ အပြေးအလွှား လာရောက် လဲလှယ်ကြလိမ့်မည်။ ဒါကလည်း ထောက်ပံ့ကြေးတစ်မျိုးပါပင်။
နွေရာသီအားလပ်ရက်တွင် လင်းချင်းဟယ်တစ်ယောက် ပျင်းရိနေပြီး ကျိုးချင်းပိုင်သည်လည်း အိမ်မှာ မရှိပေ။ ဆန်စပါးရိတ်သိမ်းရမည့် အလုပ်အကိုင် မရှိသေးသော်လည်း တခြား လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကို လုပ်ဖို့ လိုအပ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဒီစိုက်ပျိုးထားသည့် မျိုးစေ့တွေက ဆောင်းဦးရိတ်သိမ်းမှုရလဒ်နှင့် ဆက်စပ်နေသောကြောင့် ဖြစ်သည်။ ဒါတွေကို သတိလက်လွတ်လုပ်လို့ မရပါဘူး။
"အမေ၊ ကျွန်တော် အစ်ကိုကြီးရော ကျန်တဲ့သူတွေနဲ့ပါ ရေလိုက်ကူးချင်တယ်။" လောင်စန်းက ပြောသည်။
"ဒီရေမြှုပ်အပိုင်းအစကို နင့်လက်မှာ ချည်သွားချေ။" လင်းချင်းဟယ်က ရေမြှုပ်တစ်ပိုင်းကို လှမ်းပေးလိုက်သည်။
ဒါက သူမ ဘန်းမုန့်တွေ ဝယ်လာတုန်းက ထုပ်ပိုးလာသည့် ရေမြှုပ်သေတ္တာမှ အပိုင်းတစ်စ ဖြစ်သည်။ ဘန်းမုန့်တွေ စားကုန်သွားပြီးနောက် ဘူးခွံက ကျန်ရစ်ခဲ့သည်။ ကျန်ရစ်ခဲ့သော ဘူးခွံတွေကို တစ်စစီ ဖြုတ်ပြီး သေချာသိမ်းဆည်းထားသည်။ ဒါတွေမှာ ပေါလောပေါ်စေနိုင်သော ဂုဏ်သတ္တိရှိသည်။
လောင်စန်းသည် ရေမြှုပ်တစ်ပိုင်းကို ယူပြီး ထွက်သွားခဲ့သည်။
လင်းချင်းဟယ်သည်လည်း သူ့လက်မှာ သေသေချာချာ ချည်နှောင်ထားတာကို တွေ့လိုက်ရသဖြင့် ဘာမှ မပြောတော့ပဲ ကြည့်နေလိုက်သည်။