Unicode
အခန်း(၃၈) - ဗြောင်းဆန်ခြင်း
စာရေးသူ - NanFangLiZhi Southern Lychee 南方荔枝
ဘာသာပြန်ဆိုသူ - No Noe (Miracle_Phyu97)ဘယ်အချိန်က ပြန်ရောက်လာမှန်း မသိသည့် ကျိုးချင်းပိုင်သည် တံခါးအပြင်ဖက်ကနေ ဒီစကားကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသည် "..."
သူ့ဇနီးသည်က စကားတစ်ခွန်းဆိုပြီး နောက်တစ်ခွန်း ပြန်ပြောင်းပြောသည့် အရည်အချင်းရှိမှန်း သူ လုံးဝမသိရှိခဲ့ဘူး။
သူမက သူ အေးစက်ပြီး ဗိုက်ဆာမှာကို စိုးရိမ်ပူပန်တာ ထင်ရှားပါသည်။ မနေ့ညက သူပြန်လာတာနဲ့ သူမ ဘယ်လိုပြုစုစောင့်ရှောက်ပေးတဲ့အကြောင်းကို မမေ့သင့်ပါ။ ဒါပေမယ့် ဒီမနက်မှာ သူ အငြိမ်းစားယူသည့်အကြောင်းကိုပြောပြီး ကျိုးအိမ်တော်ဟောင်းကို သွားရောက်လည်ပတ်ပြီး အိမ်ပြန်ရောက်ချိန်တွင် သူ့အတွက် ဂျင်းပြုတ်ရည်တစ်ခွက်ကိုတောင် ပြင်ဆင်ပေးနေတုန်းပါပဲ။ သူ့သားသုံးယောက်အတွက်ပါ ခွဲဝေရရှိခဲ့သေးသည်။
ဒါပေမယ့် သူ့အမေအပေါ်ကိုတော့ ဒီလို အကြင်နာတရားကင်းမဲ့တဲ့ပုံစံမျိုး ဆက်ဆံနေခဲ့သည်။
သူမမှာ မျက်နှာနှစ်ဖက်ရှိတာလား။ (T/N: 🤣)
သူ သူ့ဇနီးသည်အကြောင်းကို တကယ်ပဲ နားမလည်နိုင်သေးပါလား။
အိမ်အထဲက အမေကျိုးက အသက်မရှူနိုင်မကယ်နိုင် ဖြစ်နေသည်။ သူမစိတ်ထဲတွင် ဒီလိုပြောဆိုနေသည်။ 'ဒီလိုလူမျိုးကို လူလို့ ခေါ်သင့်ရဲ့လား။ ဒါကို ဘယ်လိုလုပ်ပြီး နင့်အရေးကိစ္စ မဟုတ်ဘူးလို့ ပြောဆိုရဲရတာလဲ။' ဒါပေမယ့် အခုအချိန်မှာ ချွေးမဖြစ်သူက အရမ်းဒေါသထွက်နေပြီး သူမပြောလိုက်သည့်စကားတွေက အရေးပါအရာမရောက်မှာကို သူမ နားလည်သည်။ ထို့အပြင် သူမသည် ချွေးမဖြစ်သူကို ဆန့်ကျင်ပြောဆိုမည့်အစား နားချဖို့သာ ကြိုးစားနိုင်သည်။ ဒီလိုမှမဟုတ်ရင် စတုတ္ထချွေးမ သူမအိမ်သို့ပြန်သွားတာနဲ့ ဘဝက ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်သည်။
"အဖေ သားကိုချီ" ထိုအချိန်တွင် လောင်စန်းရဲ့အသံက တံခါးအပြင်ဖက်ကနေ ထွက်ပေါ်လာသည်။