Chapter-77

5.9K 664 3
                                    

Unicode

အခန်း (၇၇) - နင် မပင်ပန်းတာ အံ့သြစရာမရှိပါဘူး

"အတိတ်က အတိတ်ပဲ။ ယခုပစ္စုပ္ပန်က ယခုပစ္စုပ္ပန်ပဲ။ ခေတ်တွေ ပြောင်းလဲသွားခဲ့ပြီ မဟုတ်လား။ လူတွေက ပိုင်းခြားသိမြင်ဖို့ လိုအပ်တယ်၊ ဂုဏ်ယူသင့်တဲ့အခါ ဂုဏ်ယူတတ်ရမယ်၊ ဒါပေမယ့် ဂုဏ်ယူဝံ့ကြွားရမယ့် အခိုက်အတန့်တွေ ပြီးဆုံးသွားတဲ့အခါကျရင် နောက်ကြောင်းပြန်ဖို့ အချိန်တန်ပြီလေ။" လင်းချင်းဟယ်က ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။

"အင်းပေါ့။ အခု မင်း ဂုဏ်မယူနိုင်တော့ဘူးလေ" အမျိုးသမီးက လှောင်ရယ်ရယ်ခဲ့သည်။

"အရင်တုန်းက ဂုဏ်ယူမဝံ့ကြွားဖူးတဲ့သူတွေထက်စာရင် ပိုကောင်းနေပါသေးတယ်" လင်းချင်းဟယ်က သူမကို ပြုံးပြလိုက်သည်။

ဒီစကားတွေက ဝမ်လင်းဟု အမည်ရှိသော အမျိုးသမီးရဲ့ မျက်နှာအမူအရာအား ပျက်ယွင်းသွားစေခဲ့သည်။ "နင် ဘာကို ဆိုလိုချင်တာလဲ။"

"ရှင့်မှာ ဦးနှောက်မရှိဘူးလား။ ဒါကို ဘာဖြစ်လို့ နားမလည်နိုင်ရတာလဲ။ ရှင်က ကျွန်မကို လှောင်ပြောင်ဖို့ ထိုက်တန်တယ်လို့များ ထင်နေတာလား။ ကျွန်မမိသားစုဝင် ချင်းပိုင်က သူ ပင်စင်ယူသွားခဲ့တာတောင် ကျွန်မကို လယ်အလုပ် မလုပ်စေရဘူး။ သူက ကျွန်မကို အိမ်မှာပဲ ပျော်ပျော်ရွှင်ရွှင် နေခိုင်းတာ။ ရှင်က ကျွန်မလိုမျိုး သာသာယာယာ နေနိုင်လို့လား။" လင်းချင်းဟယ်က သရော်ပြုံးပြုံးပြလိုက်သည်။

ဝမ်လင်းသည် ဒေါသစိတ်ကြောင့် ပြောစရာစကားလုံးများပင် ပျောက်ဆုံးသွားခဲ့ရသည်။

"ကျွန်မသာ ရှင့်လိုဘဝမျိုးနဲ့ဆိုရင် ကျွန်မ အသက်ရှင်နိုင်မှာ မဟုတ်ဘူး။ ရှင် ကျွန်မရှေ့မှာ ကျည်ကျည်ကျာကျာ ပြောရဲတဲ့မျက်နှာ ရှိသေးတယ်နော်။ ရှင့်မိသားစုက မှန်တစ်ချပ်ကိုတောင် မတတ်နိုင်လို့ ရှင်က ရှင့်ကိုယ်ရှင် မှန်ထဲ မကြည့်မိတာလား။ ရှင်က ကျွန်မနဲ့ သက်တူရွယ်တူလောက်ပဲ ရှိသေးတာကိုတောင် ရှင်က ကျွန်မထက် အသက်ဆယ်နှစ်‌လောက် ပိုကြီးတဲ့ပုံပေါက်နေပြီ။ ရှင့်ကို ဒီလိုပြောရဲဖို့ ဘယ်သူကများ သတ္တိတွေပေးခဲ့တာလဲ။ လောင်အာ့ ငါတို့မိသားစု နေ့လည်စာ ဘာစားခဲ့တာလဲ ဆိုတာကို သူမကို ပြောပြလိုက်" ဟု လင်းချင်းဟယ်က ပြောသည်။

၁၉၆၀ ခုနှစ်များဆီသို့ (မြန်မာဘာသာပြန်)Where stories live. Discover now