ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (1)

24.2K 261 2
                                    

🍑ဖြူစင်သူ မင်းအတွက်
                                            (or)

                             အစားထိုးခံ သတို့သမီး🍑

                        အခန်း  (1)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ဘုတ်!!... အာ့!!... "

မီ ကိတ်မုန့်ဆိုင်ထဲကနေ ကိတ်မုန့်ဝယ်ပြီး ထွက်အလာ အရှိန်နဲ့ဝင်အတိုက်ခံရပြီး... စီး
ထားတဲ့ ငါးလက်မအမြင့်ရှိဒေါက်ဖိနပ်ကြော
င့် လူကယိုင်ခွေပြီး လှဲကျသွားရသည်။

" တောင်း... တောင်းပန်ပါတယ် ရှင်။အလျင်
လိုနေလို့ အစ်မကို ဝင်တိုက်လိုက်မိတာပါ "

" ကျစ်!. လူတစ်ယောက်လုံးကို မမြင်ရလော က်အောင် နင့်မျက်လုံးတွေက ကန်းနေတာလား။နင့်ကြောင့် စွန်းထင်သွားတဲ့ ငါ့အင်္ကျီက ဘယ်လောက်တန်လည်းဆိုတာသိရဲ့လား ။ပြောလည်းသိမှာမဟုတ်သလို လျော်နိုင်တဲ့ပုံစံလည်း မဟုတ်ပါဘူး။ပေး နင့်လက်ထဲက လက်ကိုင်ပဝါ။ "

လမ်းပေါ်ကိုလှဲကျလို့ ဖုန်အနည်းငယ်ပေစွန်းသွားသည့်... မီ့အင်္ကျီကိုဖုန်သုတ်ဖို့အတွက် ခေါင်းငုံ့တောင်းပန်နေတဲ့... မိန်းကလေးရဲ့လက်မှာချည်ထားတဲ့ လက်ကိုင်ပဝါကို ပေးဖို့တောင်းလိုက်သည်။

" ရှင်!... "

" ဘာကို ရှင်နေတာလဲ။လက်ထဲကလက်ကိုင်ပဝါကို ပေးလို့တောင်းနေတာ။ နင့်ကြောင့် စွန်းပေးသွားရတဲ့ ငါ့ အင်္ကျီကိုသုတ်မလို့.. ပေးစမ်း "

" ဟို.... အစ်မ မလုပ် ဟင်!..."

" ဟင်!.. "

မီ ခေါင်းငုံ့နေတဲ့မိန်းကလေးလက်ထဲက လက်ကိိုင်ပဝါကိုဆွဲယူလိုက်စဥ်... လက်ကိုင်ပ ဝါကိုမယူဖို့ ငုံနေတဲ့ခေါင်းကိုမော့လာပြီးတား ဆီးလိုက်တဲ့... မိန်းကလေးရဲ့မျက်နှာကို မီ မြင်လိုက်ရချိန်မှာတော့..မီတို့နှစ်ယောက်လုံး ရဲ့နူတ်ဖျား၌ အံ့သြအာမေဋိတ်သံတို့က ပြိုင် တူထွက်သွားရလေသည်။အာမေဋိတ်သံနဲ့အတူ နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်ကြည့်နေမိကြသည်က မျက်တောင်ပင်မခက်စတမ်းပါပဲ။

" နင်က ဘာလို့ ငါ့နဲ့ ရုပ်ချင်းတူနေရတာလဲ။
နင့် နာမည်က ဘယ်သူလဲ... "

ဖြူစင်သူမင်းအတွက် CompletedWhere stories live. Discover now