ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (11)

4.6K 125 0
                                    

            🍑ဖြူစင်သူ မင်းအတွက်

                      (or) အစားထိုးခံ သတို့သမီး🍑

                        အခန်း  (11)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" ရတနာတွေ ရောင်းစားစရာမလိုအောင် ကိုယ်က
မီးငယ်လေး သုံးဖို့ ဘလက်ကဒ် ပေးထားမှာပေါ့။
မီးငယ်လေး သုံးချင်တာအကုန် အဲ့ကဒ်ထဲကနေ သုံးလို့ရတယ်လေ "

" ဟင့်အင်း.. မီ ကဒ်ကိုင်ပြီး မသုံးချင်ဘူး "

ဟင်!..။

ရာ ကဒ်ကိုင်ပြီး မသုံးချင်ဘူးလို့ဆိုလာတဲ့...
မီးငယ်လေး စကားကို အံ့သြလွန်းလို့.. အသံတိတ်ထွက်သွားတဲ့ အာမေဋိတ်သံနဲ့အတူ  မျက်ခုံးနှစ်ဖက်က ပင့်တက်သွားရသည်။

မအံ့သြဘဲရှိမလား အရင်ကဆို သူ့ရဲ့ဘလက်ကဒ်ကို ပေးကိုင်ဖို့ မီလေး က တဖွဖွတောင်းနေခဲ့တာမလား။

အခု သူ အရမ်းလိုချင်တာကို ကိုယ်က ပေးတော့
ကိုင်မသုံးချင်ဘူးတဲ့လေ။အဲ့တော့ သူ မအံ့သြဘဲ
နေပါ့မလား။

" ဘာလို့လဲ မီးငယ်လေးပဲ အရင်က အဲ့ဘလက်
ကဒ် ကိုယ့်လက်ကို ကိုင်သုံးချင်တယ်ဆိုပြီး ကိုယ့်
ဆီကနေ တောင်းနေခဲ့တာမလား။အခု ပေးတော့ ဘာလို့ မသုံးချင်ရတော့တာလဲ။မဟုတ်မှ ကိုယ်
အခုမှ ပေးလို့ စိတ်ကောက်တာလား.. "

" ဦးရာကလည်း မီ စိတ်ကောက်ရအောင် ကလေးလေးမှ မဟုတ်တော့တာ။ကဒ်ကိုမသုံးချင်တာက
အရင်ကဆို မီ က လွတ်လပ်တဲ့သူလေ။မနက်ဖြန်
ကစပြီး မီ က အိမ်ထောင်ရှင်မဖြစ်ပြီလေ။အဲ့တေ
ာ့ ငွေကို အရင်လို သုံးလို့မဖြစ်တော့ဘူး။ခြွေတာ
စုဆောင်းရတော့မှာ။အာ့ကြောင့် မီ သုံးဖို့လိုတဲ့ ငွေကို ဦးရာဆီကနေပဲ လိုသလောက် တောင်းသုံး
တော့မယ် "

အရင်နဲ့မတူအောင် သိတက်လိမ္မာနေတဲ့ မီလေး
ကြောင့် ရာ့ နူတ်ခမ်းတို့က ကျေနပ်ချင်းတို့ဖြင့်
ကွေးညွတ်သွားလေ၏။

သူ့ပေါင်ပေါ်မှာ ထိုင်နေတဲ့ မီလေးရဲ့ ခါးသွယ်သွယ်လေးကို ခပ်တင်းတင်းလေး ဖက်လိုက်ပြီး...

" ခြွေတာ စုဆောင်းဖို့ မလိုပါဘူး။ကိုယ် ရှာဖွေနေတာတွေက အကုန် မီးငယ်လေးအတွက်ပဲ။လိုချင်
တာ ဝယ်။စားချင်တာ စား။သွားချင်တာ သွားလို့ရတယ်။တစ်ခုပဲ မီးငယ်လေးဘက်က ကိုယ့်ကို ပြန်ပေးရင်ရပြီ "

ဖြူစင်သူမင်းအတွက် CompletedWo Geschichten leben. Entdecke jetzt