🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (5)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (5)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ကိုကို သူ့ပုံစံကို ကြည့်ပါဦး။မာမီစိုး ပြင်ပေး
ထားတာ မီနဲ့တူတယ်မလား.. "ဧည့်ခန်းထဲရှိ ခုံမှာထိုင်ပြီး ဖုန်းကြည့်နေတဲ့ အဲရစ်။ချစ်သူမီမှ ပြောလာတာမို့.. ရှေ့တည့်တည့်
မှာ မီနဲ့အတူ ယှဥ်ရပ်ပြနေတဲ့ မှီဆိုတဲ့ မိန်းကလေး
ဆီ အကြည့်ပို့လိုက်သည်။ထိုအခါ အဲရစ်အကြည့်တွေက... မိန်းကလေးမှီဆီကနေ လွဲမသွားနိုင်တဲ့ အထိ ဖြစ်သွားရသည်။
အကြောင်းကာ မီနဲ့တူတဲ့ မှီရဲ့အလှက ပိုပြီးလှနေ
တာကြောင့်ပါပဲ။စတွေ့တုန်း က ကျောလည်အထိရှည်တဲ့ ဆံနွယ်တွေကို ဖြန့်ချထားပြီး... မြန်မာရင်ဖုံးဝတ်စုံလေးဖြင့် တွေ့ရတဲ့ မှီရဲ့အလှက ရိုးရိုးယဥ်ယဥ်လေးကိုမှ မျက်စိအေးရတဲ့ အလှမျိုးဖြစ်သည်။
အခု သူ့ရှေ့မှာရှိနေတဲ့ မှီက ဖြောင့်စင်းနေတဲ့... ဆံနွယ်ရှည်တွေကို အလိမ်အခွေတွေ လုပ်ပစ်ပြီး
နီညိုရောင်ဆေးဆိုကာ... မျက်နှာကို မိတ်ကပ် ခပ်ပါးပါးလေးနဲ့ နူတ်ခမ်းကို အနီရင့်ရင့်လေးဆိုးထားသည်က အနီရဲရဲပန်းသီးလုံးလေးပမာ မြင်သူကို စားချင်မိအောင် ဆွဲဆောင်နိုင်လွန်းသည်။မီ့လိုပဲ ပိန်သွယ်ပြီး အချိုးအစားကျလှတဲ့ မော်ဒယ်ခန္ဓာကိုယ်လိုမျိုး ကိုယ်ပေါ်၌ ကြက်သွေး ရောင်သရေလည်သာစကပ်အတိုလေးကို လည်ပိတ်ဆွဲတာအဖြူ လက်ရှည် ခါးတိုလေးနဲ့ တွဲဖက် ၍ ဝတ်ဆင်ပေးထားသည်က... တကယ့်အပြင်း
စား ညို့ဓာတ်အားပြင်းလွန်းတဲ့ နိုင်ငံခြားမင်းသ မီးတွေအလား ထင်မှတ်ရ၏။ဒါ့ပြင် သွယ်လျတဲ့ ခြေတံလေးဆီမှာ စမတ်ကျလှတဲ့ ကြိုးသိုင်း ဒေါက်ဖိနပ်အမြင့်ကို ဆင်ပေးထားပြန်တော့..
ပုရိသတ်ယောကျ်ားသားများကို ရင်ဖို ရင်ခုန်စေလောက်အောင်ကို မှီ့အလှက လုံးဝကို ပြီးပြည့်စုံပါသည်။