🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (31)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဟင်! ဘာလို့ မှီ့ ကို ကိုင်ခိုင်းထားတာလဲ။ဦးရာ ဖုန်း ဦးရာဘာသာ ကိုင်လေ "
မေးတာကိုတော့ မဖြေသေးဘဲ ခေါ်နေတဲ့ ဖုန်းဝင်
လာတော့ မှီ့ကို ဖုန်းကိုင်ဖို့ အတင်းထိုးပေးနေတာ
ကြောင့်.. မျက်စောင်စလေးဝေ့ရင်း ဖုန်းကိုဖို့ကို
ငြင်းလိုက်သည်။
" ကိုယ် မီးငယ်လေး ကို ခေါ်ရတဲ့ အကြောင်းကိုသ်ိချင်ရင် ဒီဖုန်းကိုင်မှ ဖြစ်မယ်။ဒီဖုန်းထဲကလူကမှ မီးငယ်လေး သိချင်တာကို ပြောပြပေးမှာ "
သူပြောတာကို မယုံကြည်တဲ့ပုံစံနဲ့ 'ဟုတ်လို့လား'
ဆိုသည့် အကြည့်နဲ့ ကြည့်နေသေးတာမို့... တကယ်ဟုတ်တယ်လို့ ပြောရသေးသည်။အဲ့တော့မှသာလက်ထဲက ဖုန်းကိုလှမ်းယူသည်။
ဖုန်းပြောဖို့သာလုပ်နေတာ သူ့ကိုတော့ မျက်စောင်းက အထိုးမပြတ်။အဲ့လိုမျက်စောင်း ခဏ ခဏ ထိုးနေတာက.. သူ့ကိုရင်ခုန်စေပြီး ဆွဲနမ်းပစ်ချင်မိအောင်အသည်း ယားစေတယ်ဆိုတာ ရှေ့ကသူလေးသိမယ်ဆိုရင်ဖြင့်.. သူ(မ)မျက်လုံးလေးနှစ်လုံးကိုတောင် ဖြုတ်သိမ်းထားလေမလား မသိ။ဘာကြောင့်ဆို သူ(မ)က သူ့နဲ့
ပတ်သက်ရင် အရာရာကို တွန့်တိုတက်သည် မဟုတ်လား။
ဦးရာ ဖုန်းပြောခိုင်းနေတဲ့သူက တခြားသူ မဟုတ်ဘဲ အဖိုးဖြစ်နေတာကြောင့်.. မှီ့မှာ ဦးရာကြောင့် တိုနေတဲ့စိတ်ကို အသာလျော့ချပြီး အနည်းငယ် ချိုသာထားတဲ့ အသံလေးနဲ့ အဖိုး ကို ဖုန်းပြောလိုက်သည်။
" ဟယ်လို အဖိုး နေ့လည်စာ စားပြီးပြီလား "
" အဖိုး စားပြီးပြီကွယ့်။မြေးမလေးတို့ရော စားပြီးပြီလား "
" အခုပဲ စားပြီးတာ အဖိုး "
" အေ.. ဒါဆို မြေးမလေး ဖုန်းကို စပီကာဖွင့်လိုက် ပါလား။အဖိုးပြောတာကို မြေးမလေး ဦးရာ ပါ
ကြားရအောင်လို့.. "
" ဟုတ်ကဲ့ အဖိုး။အခု စပီကာ ဖွင့်လိုက်ပါပြီ၊အဖိုး
ပြောရင် ပြောလို့ရပါပြီ "
