🍑ဖြူစင်သူ မင်းအတွက်(or) အစားထိုးခံ သတို့သမီး🍑
အခန်း (18)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" အစောကြီး ရေချိုးတာလား "
မှီ အိပ်ရာနိုးရုံရှိသေးတယ် ဦးရာ က ရေချိုးခန်းထဲကနေ ဝှီးချဲနဲ့ ထွက်လာနေပြီလေ။ဝှီးချဲကို အိပ်ခန်းအလည်ဆီ တွန်းလာရင်းနဲ့ မှိီ မေးတာကို ဖြေသည်။
" ဟုတ်တယ်။ငါက အသန့်ကြိုက်တယ်။မင်းလည်း သန့်သန့်ရှင်းရှင်း နေရင်ကောင်းမယ် "
ဘာလဲ အခု ငါ့ကို ညစ်ပတ်တဲ့သူလို့ ပြောချင်တာလား။ဘာလား ဟ!။
" ငါ ပြောတာ မင်းကြားရဲ့လား.. "
မှီ စိတ်ထဲကနေ တစ်ကိုယ်တည်းပြောနေမိစဥ်
ထပ်ပြောလာတဲ့ ဦးရာ။" မှီ့ကို ညစ်ပတ်တယ်လို့ထင်ရင် အခန်းခွဲနေလေ။
အာ့ဆို နှစ်ယောက်လုံးအတွက် အဆင်ပြေတယ် "မှီ ခပ်ရွဲ့ရွဲ့လေး ပြန်ပြောလိုက်တော့...
" အခန်းခွဲနေမယ့် စကားထပ်မပြောနဲ့ "
" ဘာလို့လဲ "
" မင် က မီမဟုတ်တာ တခြားသူတွေထက် အဖိုးကို မသိစေချင်ဘူး။အဖိုး စိတ်ညစ်ရမယ့်ကိစ္စမျိုး
တွေ အတက်နိုင်ဆုံး ရှောင်လို့ရသမျှ ရှောင်ရမယ်."" အဖိုးကို ဦးရာ က အတော်လေးထားတာပဲနော် "
" အဖိုးက ငါ့အတွက် အဖိုးဆိုတာထက် မိဘပြောရင် ပိုမှန်တယ်။အာ့ကြောင့် မင်းဘက်က ငါဘာမှမလုပ်ခင်အထိ အနေအထိုင် ဆင်ခြင်ပါ "
ရာ ငယ်ငယ်ကတည်း မိဘပါးနှစ်ပါးစလုံးသည်
ရှေ့စဥ်နောက်စဥ်ဆုံးပါးသွားကျတာမို့... အဖိုးပဲ
ဒီအရယ်အထိ သူ့ကို ရှောက်စောင့်ပေးလာခဲ့ရတာပါ။သူ့အတွက်တော့ အဖိုးက အဖေလည်းဟုတ် အမေလည်းဟုတ်တဲ့သူမျိုးပါ။" အဝတ်စားထုတ်မလို့လား။မှီ ထုတ်ပေးမယ်။ခဏလေး "
ဦးရာ က အဝတ်ဗီရိုတံခါးကို ဖွင့်နေတာကြောင့်...
မှီ ကုတင်ပေါ်ကနေ အမြန်ဆင်းပြီး အဝတ်စားတစ်စုံကို ထုတ်ပေးလိုက်သည်။