ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (44)

6.1K 118 2
                                        

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (44)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

" အစ်ကိုလေး မမီ မာမီက ကွာရှင်းစာချုပ် ပို့ပေးလာပါတယ် "

" ဟုတ်လား။ကြာလောက်မယ် ထင်နေတာ မြးန်သားပဲ "

" ဟုတ်ကဲ့ "

" သူတို့ဘက်က ဘာပြောသေးလဲ။အမှုကိစ္စကရော ဘာတဲ့လဲ "

" ဘာမှတော့ မပြောပါဘူး ဗျ။မမီတို့ သားမိကတော့.. မမီကကိုယ်ဝန်နဲ့မို့ ကလေးမွေးဖို့နဲ့ သူတို့ဘဝ ပြန်ရပ်တည်ဖို့အတွက် နိုင်ငံခြားထွက်မယ်လို့ သ်ိရပါတယ်။ဦးလွင်မောင်ရော အဲရစ်ရော က အပြစ်ရှိတာ ထင်ရှားလို့ ထောင်ကျမှာက
ကျိန်းသေပါတယ်။ဒီနေ့လည်း ရုံးချိန်းရှိပါတယ်။
ကျွန်တော်တို့ဘက်က ရှေ့နေလည်း တရားရုံးသွားရပါတယ် "

" အင်း။မီတို့ဘက်ကို နစ်နာကြေးအဖြစ် သိန်းငါး
ထောင် ပေးမယ်ပြောထားတာ။နောက်ထပ် သိန်းနှစ်ထောင် ထပ်တိုးပေးလိုက်။သူတို့အတွက် အဆင်ပြေအောင် "

" ဟုတ်ကဲ့။ ကျွန်တော် စီစဥ်လိုက်ပါမယ် "

" အင်း။ မင်း သွားလို့ရပြီ "

" ဟုတ်ကဲ့။ဟိုလေ အစ်ကိုလေး... "

" စကားကို ပြေညမယ်ဆိုလည်း တစ်ခါတည်း အဆုံးထိ ပြော နွေဦး "

" ဟုတ်ကဲ့။ မမှီ ကို ရှာရအုံးမလား အစ်ကိုလေး "

" မလိုဘူး။ သူနဲ့ ငါနဲ့ ဘာမှ မသက်ဆိုင်တော့ဘူး။
နောက်ထပ် ငါ့ရှေ့မှာ သူ့အ​ကြောင်း ထပ်မပြောမိစေနဲ့။အဲ့အခါကျရင် မင်း ကို အလုပ်ဖြုတ်ပစ်မယ် "

" ဟုတ်ကဲ့ပါ အစ်ကိုလေး "

မနေ့တစ်နေ့ကအထိ မမှီကို သည်းသည်းလှုပ် ချစ်နေတဲ့သူက... ဒီနေ့ကျတော့ သူမဟုတ်တဲ့အတိုင်း ပြတ်သားနေလိုက်တာ။

တကယ်ပါ အစ်ကိုလေး စိတ်ကို နားကိုမလည်နိုင်တော့တာ။

တစ်ခုတော့ သတိထားပါသည်။ခြေထောက်လမ်းမလျှောက်နိုင်တဲ့ အချိန်... မမီနဲ့ အဆင်မပြေဖြစ်နေတဲ့... ကာလမှာတောင် အစ်ကိုလေးသည် အဝတ်အစားက သေသေသပ်သပ်နဲ့ ဝတ်ဆင်ပြီး ယုံကြည်မှု အပြည့်ရှိတဲ့ စတိုင်မျိုးနဲ့
အလုပ်တက်နေခဲ့တာပါ။

ဖြူစင်သူမင်းအတွက် CompletedМесто, где живут истории. Откройте их для себя