🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (48) ဇာတ်သိမ်း
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ရာ နာကျင်အုံးခဲနေတဲ့ လက်မောင်းတစ်ဖက်ကြောင့်အိပ်ရာကနေ နိုးလာခဲ့သည်။
သိပ်အိပ်ရေးမဝသေးတဲ့ မျက်လုံးကို နှစ်ခါ သုံးခါလောက် မှိတ်ဖွင့်လုပ်လိုက်မှ ဖွင့်ရတာ... အဆင် ပြေသွားသည်။
အချိန်သိချင်လို့ အိပ်ခန်းအတွင်းရှိ နံရံပေါ်က နာရီကိုကြည့်လိုက်တော့... လက်တံသည် မနက် ခင်း ခုနှစ်နာရီကို ညွှန်းပြနေသည်။
ခုနှစ်နာရီသာထိုးနေတာ မှန်ပြတင်းပေါက်ဘက်ကို ကြည့်တော့.. အပြင်ဘက်က အလင်းရောင် က အုံ့မှိုင်းမှိုင်း ဖြစ်နေသည်။
နေရောင်မရှိတဲ့ အုံ့မှိုင်းမှိုင်းအလင်းရောင်နဲ့ မနက်ခင်းက မိုးရိပ်တို့ကြောင့်... အေးစိမ့်စိမ့်ဖြစ်နေကာ
လူကို အိပ်ရာက မထချင်အောင် အပျင်းတက်စေ
သည်။သူကိုယ်တိုင်လည်း အေးစိမ့်စိမ့် မနက်ခင်း
လေးကို သဘောကျမိလို့..အိပ်ရာထဲ ကွေးနေချင်
တုန်းပါ။မထချင်သေးလို့ ဆက်အိပ်မယ်ကျန်တော့လည်း
ရင်ခွင်ထဲမှာ အသက်ရှုသံ မှန်မှန်နဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူလေးကြောင့်... သူ့မှာ
မလူးသာမလုပ်သာဖြစ်နေရသည်။တစ်ညလုံး
သူ(မ) ခေါင်းအုံးအိပ်တာကို ခံထားရတဲ့ သူ့လက်
မောင်းတစ်ဖက်က အတော်လေးကို ကျဥ်နေ၏။လက်ပေါ်က ခေါင်းကို ဖယ်လိုက်ရင်ဖြင့်....
အိပ်ပျော်နေသူလေးက နိုးသွားလိမ့်မည်။ညက
သူ့ရင်ဘက်ကို စိတ်တိုင်းကျ အနမ်းသူခိုးလေး
လုပ်နေတာက.. ညအတော်လေးနက်တာကြောင့်
အိပ်နေသူလေးကို အိပ်ရေးမဝမှာဆိုးလို့... မနိုးစေချင်သေး။သူ(မ)နဲ့ သူ့ကိုယ်ပေါ်မှာ စောင်က ခါးအထိသာရှိနေတာကြောင့်... ခါးပေါ်က စောင်ကို နှစ်ယောက်ရဲ့ ရင်ဘက်အပေါ်နားထိ ဆွဲထူ၍ ခြုံလိုက်သည်။
သူလှုပ်ရှားလိုက်တော့ အိပ်နေတဲ့ သူ(မ)က နည်း
နည်းလှုပ် အင်းခနဲညီးသံလေးနဲ့အတူ ပြန်လည်၍ အိပ်မောကျသွားခဲ့သည်။