🍑ဖြူစင်သူ မင်းအတွက်
(or) အစားထိုးခံ သတို့သမီး🍑
အခန်း (24)
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
" ဦးရာ သွားတော့မှာလား "
" အင်း.. သွားတော့မယ်။အိမ်မှာပဲ နေနော်။အပြင်
ထွက်ရင်လည်း ဘယ်သွားမယ်ဆိုတာ ကိုယ့်ဆီဖုန်းဆက်ပြောပြီးမှ သွားနော် မီးငယ်လေး "ဘာလဲ အခု ငါ့ကို စကားလုံးလှလှလေးတွေနဲ့
အပြင်သွားတာကအစ လိုက်ပြီး ချုပ်ချယ်နေတာလား။ဒါကတော့ မဟုတ်သေးပါဘူး။ငါက သူ့ရဲ့
ဟန်ဆောင်ဇနီးပါ။သူ့မိန်းမမှ မဟုတ်တာ ဘယ်သွားသွား ပြောစရာလား။ ဟွန့်.. အမြင်ကပ်လို့
ပြောပါဘူး။ရာ သူပြောတာကို အင်းမလုပ် အဲမလုပ်နဲ့ တစ်ခုခု ကို တွေးတောနေပုံရတဲ့ မှီ့ ကို...
" မီးငယ်လေး ကိုယ်ပြောတာကို ဘာလို့ ဘာမှ မပြောတာလဲ။ခေါင်းထဲမှာ ကိုယ့်အကြောင်းတွေ
တွေးနေတာလား "" တွေးစရာလား.. အဖိုးကြီး ကို "
" ဟားဟား "
နှာခေါင်းလေးရှုံ့ကာ ပြောလိုက်တဲ့ မှီရဲ့ ပျစ်ပျစ် နှစ်နှစ်စကားကြောင့်... ရာမှာ အောင့်သက်သက် ရယ်မိ၏။
တကယ်ပါ ဒီကောင်မလေး က သူ့ကို နွေးထွေး
လုံခြုံမှုတွေ ပေးတဲ့အပြင် ရယ်ရအောင်လည်း ပြုစားတက်သေး၏။" ဦးရာ ကို မှီ တစ်ခုလောက် တိုးတိုးလေး ပြောချင်တာရှိတယ်။ရလား ဟင် "
ကုမ္ပဏီသွားဖို့ ကားပေါ်တက်တော့မယ့် သူ့အနား
ကို လာပြီး တီးတိုးပြောလာတဲ့... မှီ့မှာ သူ့အား အရေးတကြီး ပြောစရာရှိသည် ထင်ပါတယ်။" ရတယ်လေ ကိုယ့်အနားတိုးပြီး ပြောလေ "
သူ့ဆီက ခွင့်ပြုချက်ရတာနဲ့ ကိုယ်လေးကိုင်းပြီး နား အနားကို တိုးကပ်လာတဲ့ မှီ။
" မီ ဦးရာနဲ့ မိတ်ဆက်ပေးခဲ့တဲ့ အသိအစ်ကိုဆိုတဲ့
အဲရစ်နဲ့ မီရဲ့ ပတ်သက်မှုက မရိုးရှင်းဘူး။သူတို့နှစ်ယောက်ကြားမှာ ဦးရာ ထင်မထားတဲ့ ပတ်သ
က်မှု ရှိနေတယ်။ဦးရာ ကို မှီ ပြောတဲ့စကားကို မယုံရင်လည်းရပါတယ်။ကိုယ်တိုင် စုံစမ်းဖြစ်အောင်တော့ စုံစမ်းလိုက်ပါ "