ဖြူစင်သူ မင်းအတွက် or အစားထိုးခံ သတို့သမီး (29)

5.7K 139 8
                                        

🍑ဖြူစင်သူ မင်းအတွက်

(or) အစားထိုးခံ သတို့သမီး🍑

အခန်း (29)

🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑

ဟင်! ဘာတက်လုပ်​နေတာတုန်း။ပြုတ်ကျအုံးမယ် မီးငယ်လေးကတော့ကွာ။

ရာ ရေချိုးခန်းထဲကနေ ရေချိုးပြီး ပြန်ထွက်လာတော့.. မှီက အဆင့်ငါးဆင့်ရှိပြီး အရှည်က လူအရပ်တစ်ရပ်ကျော်သည့် သူ့အဝတ်ဗီရိုကိုဖွင့်ပြီး.. ခုံနဲ့ဗီရိုအပေါ်ဆုံးထပ်က တစ်စုံတစ်ခုကို လှမ်းယူနေသည်။ယူတာက ရိုးရိုးမဟုတ် မမှီတာကို ခုံပေါ် ကို ခြေဖျားထောက်ပြီး... ယူနေတာမို့ ပြုတ်ကျမှာကို တွေးမိရင်း စိုးရိမ်မိသွား၏။

ရာ ရေချိုးခန်းရှေ့ကနေ အဝတ်ဗီရိုအနားကို
ဝှီးချဲဖြင့် သွားရင်း...

"ဟေ့ အခုပြန်ဆင်း။ပြုတ်ကျမယ်။ကိုယ့်စကားနားထောင် မီးငယ်! ဟာ.. "

" အမလေး! ဦးရာ လုပ်ပါဦး "

သူ့စကားဖြင့်မဆုံးသေး လက်တစ်ကိုင်းကြိုး
ညအိပ်ဂါဝန်အနီလေးဝတ်ထားဆဲ မှီလေးသည် ခြေဖျားထောက်ပြီး ရပ်နေတဲ့.. ခုံပေါ်ကနေ
ခြေယိုင်ပြီး ဘေးကိုပြုတ်ကျတော့သည်။

သူလည်း မှီရဲ့ အလန့်တကြား အော်သံကြောင့်
ဗီရိုရှေ့ကို အလျင်အမြန်ပင် သွားလိုက်သည်။

" ဘုန်း! အင့်! အာ့! "

ခုံပေါ်ကနေ ပြုတ်ကျလာတဲ့ မှီ့ကို အောက်ကနေ အလျင်အမြန် လက်နှစ်ဖက်နဲ့ ဖမ်းထိန်းပေးလိုက်တာကြောင့် ပြုတ်ကျတဲ့မှီကတော့.. သူ့ရင်ဘက်
ပေါ်မှာမို့ ဘာမှတော့ ဖြစ်မသွား။အောက်ကနေ ပွေ့ပြီး ဖမ်းထိန်းပေးတဲ့ သူကတော့.. မှီ့အောက်ကနေ ပက်လက်အနေထားနဲ့ ပြုတ်ကျတာမို့...
ကြမ်းပြင်ပေါ်ကို အရှိန်နဲ့ပြုတ်ကျတာကြောင့် ကျောပြင် က အောင့်သွားသလို... မှီ့တစ်ကိုယ်လုံးနဲ့ အဖိခံရတဲ့ ရင်ဘက်သည်လည်း နာသွားရ၏။

အမလေး! တော်ပါသေးရဲ့။ခြေကျိုး လက်ကျိုးဖြစ်ပြီလို့ ထင်ထားတာ။ဘားမှ မထိခိုက်မိလို့။

မှီ ပြုတ်ကျတုန်းက တွေးလိုက်တာက ခန္ဓာကိုယ် တော့ တစ်ခုခုထိခိုက်မိပြီလို့တွေးထားတာ ဒါမယ့်
တကယ်ပြုတ်ကျတော့... ဘားမှထိခိုက်မိမသွားတာမို့ စိုးထိတ်နေတဲ့ စိတ်တွေပျောက်သွားရသည်။

ဖြူစင်သူမင်းအတွက် CompletedDonde viven las historias. Descúbrelo ahora